Special Chapter (Merry Christmas)

8.9K 1K 50
                                    


Merry Christmas my Readers

Zawgyi

အခန်းဖြူလေးထဲမှာ ကောင်လေးတစ်ယောက်ဟာ ခရစ်စမတ်တီလုံးလေးကို တယောလေးတလပ်နဲ့ တစ်ယောက်သောသူကို ဖျော်ဖြေနေတော့သည်၊တယောလေးရဲ့သာယာငြိမ့်ညောင်းသည့်အသံလေးရယ် ကောင်လေးရဲ့လှပပြီး အသက်ဝင်လှသည့် အပြုံးလေးဟာ မြင်ရသူအပေါင်းစိတ်ချမ်းသာစေနိုင်သည်၊ ထိုအချိန်မှာ ဝုန်းခနဲဆိုပြီး ကောင်းကင်ကနေ တစ်စုံတစ်ယောက်ပြုတ်ကျလာတော့သည်၊

ဟုတ်ပါတယ် ပြုတ်ကျလာသူက အခြားသူမဟုတ်ပါဘူး ဒယ်ဒီကြောင်ကြီးပါဗျ ၊ ခရစ်စမတ်အတွက် အဆုတောင်းလွန်ပြီး ...Arc.1 ရဲ့ ကျန်းကျန့်သိုက် နဲ့ ဖန်ယင်ယွဲ့တို့ကမ္ဘာကို ရောက်လာခြင်းဖြစ်သည်၊

ဒယ်ဒီကြောင်ဟာ သူရဲ့နာကျင်နေသည့် ခါးကိုထုလိုက်ရင်း ဘယ်ရောက်နေလည်းကြည့်လိုက်တော့ သူ့ကိုသတ်ဖြတ်မတက်ကြည့်နေသည့် မျက်ဝန်းတစ်စုံရယ် သူ့ကိုကြောက်တာကြောင့် ထိုလူရဲ့နောက်မှာပုန်းကာကြည့်နေသည့် မျက်ရည်လေးများရစ်သိုင်းနေသည့်အပြာရောင်မျက်ဝန်းအစုံလေးရယ်၊... ဟုတ်ပြီ သူရှေ့ရှိလူသားနှစ်ယောက်ဟာ ဖော်ပြလို့မရအောင် ကြည့်ကောင်းလွန်းလှသည်၊ အနက်ရောင်ဆံပင်နဲ့ယောကျာ်းပျိုဟာ သူ့ထက် အရပ်နည်း...အရပ်တော်တော်ရှည်ပေမယ့် ဘေးနားရှိ ချစ်စရာကောင်းသည့်ယုန်ပေါက်လေးကတော့ ငါးပေ ရှစ်လောက်သာရှိမည့်ပုံ၊ ထိုလူသားနှစ်ယောက်ရပ်နေသည်မှာ ပန်းချီကားတစ်ချက်လို ကြည့်ကောင်း...နေဦး ငါ ဒီနှစ်ဦးကို ရင်းရင်းနှီးနှီးသိသလိုပဲ... ဘယ်မှာ ပါလိမ့်...  စဉ်းစားစမ်း စဉ်းစားစမ်း

ထိုချိန်မှာ ဖန်ယင်ယွဲ့ဟာ ကျန်းကျန့်သိုက်ရဲ့အင်္ကျီလက်မောင်းလေးကိုဆွဲကိုင်လိုက်ပြီး...  တုန်ယင်နေသည့် သူ့နူတ်ခမ်းလေးကိုမတုန်ယင်အောင် တင်းတင်းဖိထားရင်း အားကိုးတကြီးမော့ကြည့်ရှာသည်၊ထိုအမူအရာလေးကိုမြင်တော့ ခုနကတင်းမာနေသည့် ကျန်းကျန့်သိုက်ရဲ့အမူအရာဟာ ချက်ချင်းနူးညံ့သွားပြီး သူရဲ့လက်တစ်ဖက်ဟာ ဖန်ယင်ယွဲ့ရဲ့ပါးလေးပေါ်ဖွဖွလေးတင်ပြီး ခေါင်းလေးကိုတစ်ချက်ဖွကာ...

"ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ် ကလေး"လို့ ပြောလိုက်တော့ ဖန်ယင်ယွဲ့ရဲ့အကြောက်တရားဟာ နည်းနည်းပြေသွားပြီး ရုတ်တရက်ရောက်ချလာသည့် သူစိမ်းကို ကြည့်နေမိသည်၊ ထိုချိန် သူစိမ်းဟာရုတ်တရက်ကြီး သူတို့ဘက်ကို လက်ညှိုးထိုးကာ

Zhao Wen Xuan(System)Where stories live. Discover now