Arc.6.2(ဆူနိုဆုကဲ တာဒါရှိ)

18.3K 2.2K 115
                                    


အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်း ပြန်မစစ်တာကြောင့် သည်းခံဖတ်ပေးပါဗျာ

Zawgyi

"ခွေးကောင်...မင်းငါ့ကို ထိရဲထိကြည့်" နာဆူကီဟာ မခံမရပ်နိုင်ဖြစ်နေတဲ့မျက်နှာနဲ့ တာဒါရှိအား အော်ပြောလိုက်သည်၊သူဟာ တစ်ဖက်တွေ ဒေါသထွက်နေပေမယ့် တစ်ဖက်မှာလည်း ကြောက်နေရပြန်သည်၊

တာဒါရှိဟာ ဟားတိုက်ရယ်လိုက်တာ
"မင်း အရမ်းတွေ စိတ်ကူးယဉ်တာပဲ မင်းကိုယ်ကို ထိမဲ့အစား ခွေးတစ်ကောင်ရဲ့ကိုယ်ပဲ ထိလိုက်မယ် ခွေးကတောင် မင်းထက်သန့်သေးတယ်" လို့ ပြောပြီး ဂိုဒေါင်အိမ်လေးထဲ ပြန်ဝင်သွားတော့သည်၊ နာဆူကီဟာ တာဒါရှိရဲ့ နောက်ကျောကို ဖောက်ထွက်မတတ်ကြည့်ရင်း ပြန်ထပြေးသွားသည်၊ စိတ်နဲ့သတ်ရင် တာဒါရှိဟာ အခါတစ်သောင်းလောက် သေပြီးပြီ၊
တာဒါရှိဟာ သူညီမနဲ့ အေးဆေးစားသောက်နေရင်း...

"ဟိတ်ကောင် အာကီဟီကို တာဒါရှိ ထွက်ခဲ့စမ်း "

လာပြန်ပြီ....ဒီတစ်သက် ကောင်းကောင်းစားရအုန်းမှာလား၊ အာဆာမီဟာလည်း ကြောင်တောင်တောင်လေးနှင့်ပင်၊ သူညီမလေးရဲ့ ခေါင်းကိုတချက်ပုတ်လိုက်ပြီး

"မကြာပါဘူး ခဏလေးပဲနော်"
လို့ ပြောတာ ထွက်လာတော့ အသက်၅၀ကျော် လူကြီးတယောက်ဟာ ဒေါသထွက်နေပြီး သူထွက်လာတာမြင်တော့ လှမ်းထိုးတော့သည်၊

ဒါပေါ့ ဒီခန္ဓာကိုယ်ပိုင်ရှင်ထဲဝင်ထားတဲ့ ဝိညာဉ်ဟာ ကျောက်ဝမ်ရွှမ်လေ၊ သူဟာ ချက်ချင်းရှောင်လိုက်ပြီး သူကို လာထိုးတဲ့လက်ကို ပြန်ဆွဲယူကာ နောက်ပြန် လိမ်ချိုးယူကာ ပိတ်ကန်လိုက်တော့သည်၊'အား'ဆိုတဲ့အသံနဲ့အတူ လူကြီးဟာ မြေပြင်ကို ပစ်ချသွားတော့သည်၊

[Sky:အဲ့တာ ဒီခန္ဓာကိုယ် ပိုင်ရှင်ရဲ့ အဖေဟ]

'WTF!မင်း အစထဲက ပြောပါလားကွ'

[Sky:မင်းဘာသာ ဇွတ်လုပ်နေတာလေ]

"ခွေးကောင် ကိုယ့်အဖေကိုယ်ဘာလုပ်လိုက်တာလဲကွ"

Zhao Wen Xuan(System)Where stories live. Discover now