Arc.1.9(ဖန်ယင်ယွဲ့ဘဝ)

22.2K 2.4K 24
                                    

Zaw gyi

မွေးနေ့ဆုတောင်း ဂါဝရများ ပြုကျပြီး လူငယ်များ အလှည့်ရောက်လာတော့သည်၊ဖန်ယင်ယွဲ့လည်း နောက်ဆုံးမှ ပေးရန် ရည်ရွယ်ချက် နဲ့ သူ အဖေနားသာ ကပ်နေတော့သည်၊ သူအဖေကလဲ ဘာမှ မပြောပေ ။

သူအထင်က သူသား မွေးနေ့ လက်ဆောင် မပါသောကြောင့် သူဘေး နားနေနေသည်ဟုသာ တွေးရင်း မသိမသာ နေလိုက်တော့သည်

ဝမ်မို့ရီ အလှည့်ရောက်တော့ ဝမ်မို့ရီဟာ သူရဲ့ ပန်းရောင် ဆံပင်ကို သပ်ရင်း ရှေ့ကို ကြောက်ရွံဟန်ဖြင့် သွမ့်သခင်ကြီးရဲ့ ရှေ့ကို ရပ်လိုက်ပြီး သွမ့်ကွေ့ကျီဘက်ကို ခိုးကြည့်လိုက်သေးသည်၊ သူရဲ့ ပုံစံက အများအမြင်တွင် ဖြူစင်ပြီး သနားကြင်နာဖွယ်ကောင်းပေမယ့် သက်ကြီးရွယ်အိုတွေ မျက်စိထဲမှာတော့ သတ္တိမရှိတဲ့ ငကြောက်တစ်ယောက်ထက် မပိုပင်၊

ဝမ်မို့ရီသည် သွမ့်သခင်ကြီးကို ဂါဝရပြုရင်း

"ဝမ်မို့ရီ အငယ်တန်း စန္ဒရား ပညာရှင် က သခင်ကြီး သွမ့် အား သက်တော်ရာကျော် ရှည်ပါစေ၊ အနာကင်းပါစေ၊ ဟု ဆုမွန်တောင်းပေးပါသည်"
လက်ဆောင်ပစ္စည်းကို သခင်ကြီးရဲ့ အထိန်းတော်အား လှမ်းပေးရင်း သွမ့်ကွေ့ကျီကို ခိုးကြည့်တော့ သွမ့်ကွေ့ကျီက သူကို မကြည့်ပဲ အခြားကို ကြည့်နေတာ မြင်သောကြောင့် သူလဲ လိုက်ကြည့်တော့ ဖန်ယင်ယွဲ့ကို ကြည့်နေမှန်း သိလိုက်သည်၊

'ငါ အကောင်းဆုံး လုပ်နေတာကို ဘာလို့ ငါ့ကို မကြည့်ရတာလဲ အမှိုက်ကောင်က ဘာများ ကောင်းတာ ရှိလို့လဲ!'

"သခင်ကြီးက မင်းရဲ့ ဆုမွန်ကြောင့် ကျေးဇူးတင်တယ်"

"ဟုတ်ကဲ့ခင်ဗျ"
သူရဲ့ လက်ဆောင်ကိုပင် မကြည့်ပဲ လက်ဆောင်တွေထားသည့်နေရာတွင် ထားလိုက်တော့ သူစိတ်ထဲ ဒေါသတော်တော် ထွက်သွားသည်၊ အဲ့ လက်ဆောင်အတွက် သူစုထားတဲ့အထဲကနေ အပြင် သူအမေရဲ့ လက်ဝတ်လက်စားအချို့ပါ ရောင်းခဲ့ရသည်၊ ဒါကို အသိအမှတ်တောင် မပြုခံရပေ၊

'အခြားလူတွေရဲ့ လက်ဆောင်ကိုလည်း အကိုကျီရဲ့ အဘိုးက ကြည့်မှ မကြည့်တာ ငါတစ်ခုထဲဟာကို ကွပ်ကြည့်ရင် မတရားဘူးလို့ ထင်ခံနေရအုန်းမယ်'လို့ ဖြေသိမ့်လိုက်တော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now