Arc.1.6(ဖန်ယင်ယွဲ့ဘဝ)

25.6K 2.3K 114
                                    

Zawgyi

ဖန်ယင်ယွဲ့ ဟာ ကျန်းကျန့်သိုက်ရဲ့ အကူအညီဖြင့် အိမ်ကို ဘေးကင်းစွာ ပြန်ရောက်လာခဲ့သည်၊

အိမ်ရောက်တော့ ထူးဆန်းအံ့အားသင့်စရာ ဧည့်သည်တစ်ယောက်ကို တွေ့လိုက်ရတယ်....

'ဒီလူက ဒီကို ဘာလာလုပ်တာလဲ၊ငါတို့ မိသားစုကို ဖြုတ်ချဖို့ မစောင့်နိုင်တော့တာလား'

"အစ်ကိုသွမ့်ကွေ့ကျီက ဒီကို ဘာကိစ္စရောက်လာတာလဲ မသိဘူး'' သေချာတာပေါ့ ထိုလူကို ဒဲ့မေးချင်ပေမယ့် ဖန်ယင်ယွဲ့က သူမိဘတွေ ဘက်သာ လှည့်ကာ မေးလိုက်တော့သည်၊

"သားလေး ဘယ်က ပြန်လာတာလဲ "
ဖန်ယင်ယွဲ့က  ဆိုဖာပေါ် ဝင်ထိုင်ရင်း သူ ဒီနေ့ နေမကောင်းလို့ ဆေးရုံသွားတဲ့အကြောင်းကို ပြောခဲ့သည်၊ အစထဲက သည်းသည်းလှုပ်ကိုချစ်ကျကော သူမိဘသည် စိတ်ပူပင်သွားတော့ကြောင့် စိတ်မပူရန် ပြောရင်း သွမ့်ကွေ့ကျီ ဘာကြောင့် အိမ်ကို ရောက်နေတဲ့အကြောင်း မေးလိုက်သည်၊

"သြော် သဘက်ခါ C.E.O သွမ့် ရဲ့ မွေးနေ့လေ ဒါကြောင့် တူတော်မောင်ကွေ့ကျီ ကိုယ်တိုင် ဖိတ်စာ လာပို့တာလေ "

ဖန်ယင်ယွဲ့ ထိုမွေးနေ့ကို မှတ်မိသွားသည၊်ထိုမွေးနေ့မှာ သူ ဝမ်မို့ရီကို မခေါ်သွားပင်မဲ့ ဇာတ်လိုက်က ဝမ်မို့ရီကို သူရဲ့ တွဲဖော်အနေ ခေါ်လာခဲ့တယ် သေချာတာပေါ့ ၊ထိုပွဲမှာ ဝမ်မို့ရီက ကျော်ကြားလာပြီး ဖန်ယင်ယွဲ့က အလှောင်ခံ ခဲ့ရတာပေါ့၊

ဒါတွေ အားလုံးက အစထဲက ဝမ်မို့ရီ ကိုယ်တိုင် စီစဉ်ခဲ့တာပဲလေ ဒီတခါတော့ ဝမ်မို့ရီ ဘယ်လို စီစဉ်မလဲ မသိဘူး ပြီးတော့ အခု လက်ရှိ ဘဝမှာ ဇာတ်လိုက်က ဝမ်မို့ရီကို သိပ်စိတ်မဝင်စားတော့ဘူးဆိုတော့ ဝမ်မို့ရီအတွက် ဘယ်လို လာမလဲ မသိဘူး

အတွေးလွန်နေသော ယင်ယွဲ့ကို သူအမေက တံတောင်နဲ့တွန့်လိုက်တော့ အတွေးများ ပြတ်တောက်ကာ သူအမေကို ကြည့်လိုက်တော့ မျက်ရိပ်မျက်ခြေ ပြနေတော့သည် ဒါပေမယ့် သူအမေက ဘာပြောခိုင်းစေမှန်းမှ သူ မသိတာ၊ဒါကြောင့် ရှိထဲ ရှိတာ ကောက်ပြောလိုက်သည်။

"အခုလို လူကိုယ်တိုင် လာရောက်ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုသွမ့်ကွေ့ကျီ"လို့ မပြုံးချင်ပြုံးချင်နဲ့ ပြုံးရင်း ဖန်ယင်ယွဲ့ပြောလိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now