Arc.8.2 (Vampireရဲ့ ကြင်ယာတော်)

14.1K 2.1K 119
                                    


Zawgyi

ဒီချိန်လောက်ဆို မရာဒီရယ်က ဇာတ်လိုက်ကို ကယ်ပြီးနေလောက်ပြီ၊ခုနက နက်စ်တို့ထွက်သွားပုံထောက်ရင် မရာဒီရယ်ကို သွားရှာတာပဲနေမယ်၊ အဲ့တာဆိုရင် ငါခဏလေး အိပ်လို့ရတာပဲ၊ နည်းနည်းပါးပါးမှေးလိုက်ပါမယ်လေ၊ သူရဲ့ အဆောင်ထဲတွင် မစ်လ်ဟာ ကုတင်ပေါ်ကိုလှဲချရန်အလုပ်

[Sugar: စီစဉ်သူကျောက်ဝမ်ရွှမ်!! အပျင်းကြီးမနေနဲ့!!သွားအခုချက်ချင်း!! ]

Sugarရဲ့ စူးရှပြီးကျယ်လာတဲ့ဟာ သူနားကနေ ဖြတ်သွားတာကြောင့် နားကိုအုပ်လိုက်ပြီး ထိုင်ချလိုက်ကာ  ...

'နားကန်းပြီတောင် အောက်မေ့ရတယ်....'

[Sugar:  တောင်း...တောင်းပန်ပါတယ်... ကျွန်တော်က အပျင်းကြီးတဲ့စီစဉ်သူတွေမြင်ရင် အဲ့လိုပဲ စိတ်လွတ်လွတ်သွားတတ်လို့ပါ] sugarဟာမျက်နှာငယ်လေးနဲ့တောင်းပန်တာပြောလိုက်တာကြောင့် မစ်လ်တယောက် ငိုရခက် ၊ရယ်ရခက်ဖြစ်သွားသည်၊ဒါကြောင့် ကိုယ်လိုစိတ်ခဏခဏဖောက်တဲ့နတ်သူငယ်နဲ့ချပေးတဲ့ Skyအား စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး... နားထပ်မကန်းချင်တာကြောင့် ဂိတ်ဝရောက်နေပြီဖြစ်တဲ့ နက်စ်တို့ဆီ အပြေးလေးသွားကာ...

"ခေါင်းဆောင်!!! မောလိုက်တာ...စောင့်ပါအုန်း" အဆောင်ကနေ ဒီအထိ မီအောင်ပြေးလာတာကြောင့် မစ်လ်မှာ ခါးလေးထောက်ပြီး ခါးကုန်းကာအမောဖြေလိုက်သည်၊ချွေးများဟာလည်း နားထင်ကနေတဆင့် မေးဖျားလေးပေါ်မှာ တွဲလှဲခိုနေကာ အချို့ဟာလည်ပင်းတလျှောက်စီးကျနေသည်၊

နက်စ်ဟာ မစ်လ်ရောက်လာတာကြောင့် အံ့အားသင့်ပျော်ရွှင်သွားပေမယ့် မျက်နှာတည်တည်ဖြင့်
"မင်းကို အနားယူဖို့ မပြောခဲ့ဘူးလား"

"ဟုတ်ပါတယ် ခေါင်းဆောင်...ဒါပေမယ့် ကျွန်တော် သခင်လေးမရာဒီရယ်ကို ကာကွယ်စောင့်ရှောက်ချင်လို့ပါ"

နက်စ်ရဲ့မျက်လုံးဟာ သဝန်တိုမှုများတချက်ဖြတ်သန်းသွားပေမယ့်

" မင်းက ဘာကြောင့် မရာဒီရယ်ကို ကာကွယ်စောင့်ရှောက်ချင်ရတာလဲ"

'ဘာကြောင့်လဲ??? မသိဘူးလေ၊ ကျွန်တော်က ခင်ဗျားနားကပ်ချင်တာလေ! ပြီးတော့ အဲ့ယွပိုးထနေတဲ့ မရာဒီရယ်ကို မနာလိုမှုတွေနဲ့ ဂျပိုးနင်အောင် သေချင်စေလို့လေ' လို့တွေးလိုက်ပေမယ့်

Zhao Wen Xuan(System)Where stories live. Discover now