Arc-11.6(Hyung...I love you)

8K 1.2K 102
                                    

Zawgyi

လီထယ်ယွန်းဟာ ဝူဂျင်ယောင်းရဲ့မျက်နှာအမူအယာကို စိတ်ထဲကနေရယ်လိုက်ပြီး သူဟာ ကင်ဆောင်းဟိုဘက်လှည့်ကာ

"ဂျင်ယောင်းကိုပါ ခေါ်ခဲ့ပါလား...သူက ကျောင်းသားသစ်ဆိုတော့ ဒီကျောင်းပတ်ဝန်းကျင်ကို စိမ်းနေမှာပဲလေ"လို့ သဘောထားကြီးသည့်အသွင်နဲ့ပြောလိုက်သည်၊ကင်ဆောင်းဟိုဟာလည်း ထိုလိုဖြည့်တွေးကာ တဖက်သားပေါ်စာနာတွေးတောပေးသည့် လီထယ်ယွန်းကြောင့် စိတ်သက်သာသွားတော့သည်။လီထယ်ယွန်းဟာ အေးကာတည်ငြိမ်တာကြောင့် နေ့လည်စာတူတူစားချိန်မှာ တခြားလူတွေကို ဖိတ်ခေါ်စားရသည်ကို မကြိုက်ဘူးလို့ ထင်ခဲ့မိတာကိုး၊

"သွားရအောင် " မင်ဟယ်ဂျွန်ဟာ ကင်ဆောင်းဟိုနဲ့ လီထယ်ယွန်းကို သွားရန်ကျောပုတ်လိုက်ပြီးနောက်မှာ ဝူဂျင်ယောင်းဘက်ကို လှည့်ကာ

"ကျောင်းသားသစ် လိုက်မှာမလား လမ်းမပျောက်စေချင်ရင် လိုက်ခဲ့"လို့ ပြောကာ ထွက်သွားတော့သည်။ပထမက ဝူဂျင်ယောင်း ကြိုက်သည်လည်းမဟုတ် မကြိုက်သည်လည်းမဟုတ်၊ခုနက ကိစ္စဖြစ်ပြီးတည်းက ဝူဂျင်ယောင်းပေါ် ထားရှိသည့်သူ့စိတ်ထားဟာ အနုတ်ပြနေပြီဖြစ်သည်။အရည်အချင်းရှိရှိစနှိုက်ပြရင် မင်ဟယ်ဂျွန်လက်ခံနိုင်ပေမယ့် တဖက်လူရဲ့စိတ်ကို အသုံးချကစားကာ ဖြူစင်ရိုးသားသည့်လူလို ပြုမူနေသည့်လူမျိုးကို မုန်းသည်။

ဝူဂျင်ယောင်းဟာလည်း မင်ဟယ်ဂျွန်အပြုအမူထက်၊သူထောင်ချောက်ထဲကနေလွတ်မြောက်သွားသည့် လီထယ်ယွန်းကို မုန်းတီးသည်၊အဆိုးဆုံးက သူ့ကို နေ့လည်စာဖိတ်တာပဲ၊တကယ်ဆို ဒီနေ့လည်စာစားချိန်က ဆောင်းဟိုနဲ့သူ ပျော်ရွှင်စွာ စားသုံးရမည့်အချိန်ပေ၊လီထယ်ယွန်းဆိုတဲ့​ကောင်က သူတို့ကြည်နူးမည့်အချိန်ကို ဝင်ဖျက်သွားသည်၊

'အဟက် အဲ့လောက်လွယ်မလား...ငါ့ကို ဆောင်းဟို စွဲလမ်းအောင် ​ခြောက်နှစ်ကျော်ကြိုးစားခဲ့တာ ...လီထယ်ယွန်း ကြည့်နေလိုက် ငါက ဘယ်လိုတောင်ဆောင်းဟိုအတွက်အရေးပါလဲ မင်းကိုပြမယ်'

ဝူဂျင်ယောင်းဟာ သူတို့နောက်ကနေလိုက်မလာပဲ ရပ်နေရစ်ခဲ့သည်၊သူဟာ ကင်ဆောင်းဟိုသာ သူမပါလာသည်ကို မြင်ရင် လာပြန်ခေါ်မည်ဟု ယုံကြည်သည်၊ကင်ဆောင်ဟိုအတွက် သူဟာ အရမ်းအရေးပါသည့်လူတစ်ယောက်မလား၊

Zhao Wen Xuan(System)Where stories live. Discover now