Arc-12.7(Little Lover)

3.2K 545 49
                                    

Unicode

လုယွင်ချင်းဟာ ကျိုးနဉ်ထိုင်ခဲ့တဲ့နေရာမှာ ထိုင်လိုက်ပြီး ဝမ်ချင်ရှန်ဘက်လှည့်ကာ

"ငါက လုယွင်ချင်း မင်းကရော" လို့ နာမည်မိတ်ဆက်လာတော့သည်၊ဝမ်ချင်ရှန်ကလည်း လုယွင်ချင်းကိုပြုံးပြလိုက်ပြီး "ဝမ်ချင်ရှန်" လို့ နူတ်ဆက်လိုက်သည်၊လုယွင်ချင်းအနေနဲ့ သူရဲ့ဂုဏ်ပုဒ်ကိုထုတ်ဖော်မပြပဲ နူတ်ဆက်လာတာကြောင့် ဝမ်ချင်ရှန်ဘက်ကလည်း အရပ်သားစကားနဲ့နူတ်ဆက်လိုက်ခြင်းဖြစ်သည်၊

လုယွင်ချင်းက ထန်ရာလ်ရဲ့မင်းသားဖြစ်နေရင်တောင် ကျစ်ယန်တွေအနေနဲ့ အရိုအသေပေးရုံကလွဲ၍ နာခံပေးစရာအကြောင်းမရှိကြချေ၊သူတို့က တော်ဝင်ကျစ်ယန်ကို သစ္စာခံထားကျတာဖြစ်ပြီး ထန်ရာလ်ကို မဟုတ်ပေ၊

"ငါ မင်းနဲ့သူငယ်ချင်းလုပ်လို့ရလား" လုယွင်ချင်းဟာ မျက်နှာရဲတက်နေကာရှက်သွေးဖြာနေတဲ့ဟန်ပန်ဖြစ်ပြောလာတော့သည်၊ကြည့်လိုက်ရုံဖြင့် လုယွင်ချင်းကို ရိုးသားပြီးဖြူစင်လှတဲ့သူလို့ထင်မိစေသည်၊ဝမ်ချင်ရှန်ကလည်း ပျော်ရွှင်သွားဟန်ဖြင့် သွားတက်လေးတွေပေါ်တဲ့အထိပြုံးလိုက်ပြီး

"တကယ်လား..." လို့ အံ့​ြသစွာမေးမြန်းလာတော့သည်၊ကျန်တဲ့သူတွေက ဘေးကနေပြုံးကြည့်နေတော့သည်၊အလှလေးနှစ်ယောက် သူငယ်ချင်းဖြစ်တာ ကောင်းမွန်တာပဲလေ၊

ဒါပေမယ့် နှစ်ယောက်လုံးရဲ့မျက်ဝန်းထဲက အကြံအစည်တွေကိုတော့ သူတို့ဟာ သတိထားမိကျလိမ့်မည်မဟုတ်ပေ၊

လုယွင်ချင်းဟာ ဝမ်ချင်ရှန်ထိုင်တဲ့ဘေးမှာ ဝင်ထိုင်လိုက်ပြီးနောက်မှာတော့ သူဟာ အပြုံးတောက်တောက်ဖြင့် ပြောလာတော့သည်၊

"မင်းက ဘယ်ဌာနမှာ လျှောက်ထားတာလဲ"

"ေဆးဌာနမှာပဲ"

"ဘယ်ဆေးဌာနလဲ"

"ကျစ်ယန်မျိုးနွယ်ရဲ့ဆေးဌာနပဲ" ထိုစကားကြောင့် လုယွင်ချင်းမျက်နှာဟာ အနည်းငယ်စိတ်ပျက်သွားတော့သည်၊ဒါပေမယ့် သူဟာ ဝမ်ချင်ရှန်လက်ကို ဆွဲယူလိုက်ပြီး ကြင်နာစွာပြောလိုက်သည်၊

"ဆေးဌာနဆိုရင် ထန်ရာလ်က ပိုပြီးအဆင်ပြေတယ်မထင်ဘူးလား မင်းက ငါ့သူငယ်ချင်းဆိုတော့ အခြားသူတွေကလည်း အလေးပေးဆက်ဆံမှာသေချာတယ် အဲ့က အကြီးအကဲနဲ့လည်း ငါသိတယ်"

Zhao Wen Xuan(System)Where stories live. Discover now