Arc.7.9(နတ်ဆိုးဘုရင်အက်တာ)

14.7K 2K 115
                                    

အရေးအသားမကောင်းရင် တောင်းပန်ပါတယ်
စာလုံးပေါင်းပြန်မစစ်တာကြောင့် အမှားပါရင်ဖြည့်ဖတ်ပေးပါဗျ

Zawgyi

ဟွားဟွားနဲ့ လန်ဒရီ နတ်ဆိုးနယ်မြေကို ရောက်နေတဲ့အကြောင်းကို လူသားအဖွဲ့က လီနာတို့ သိသွားပြီး အခြားအဖွဲ့တွေနဲ့ ပူပေါင်းကာ နတ်ဆိုးနယ်မြေကို ချီတတ်လာတော့သည်၊ဒါအပြင် လီနာဟာ သူမအနောက်ရှိအင်အားကြောင့် အက်တာနဲ့လန်ဒရီနိုင်နိုင်ချေ ပိုများသည်ဟု ယုံကြည်ချက်အပြည့်ရှိသည်၊ အခြားအဖွဲ့တဝက်ဟာ လီနာနဲ့ပူပေါင်းပြီး ကျန်တဝက်ဟာ အက်တာတို့နဲ့ပူပေါင်းထားတာ ကြာပြီဖြစ်သည်၊ လီနာဟာ စိတ်မပူပေ၊ဒါ သေလူပိုလျော့တာပေါ့ဟုတောင် တွေးပြီးပျော်တောင်ပျော်နေသေးသည်၊

" နတ်ဆိုးအဖွဲ့ကလူတွေ လန်ဒရီနဲ့သူယူသွားတဲ့ရတနာကို ထုတ်ပေးစမ်း"
လီနာဟာ လန်ဒရီဟာ ရတနာတမျိုးကို သူမဆီက မတရားယူသွားတဲ့အပြင် သူမနဲ့အခြားသူတွေကို သတ်ဖို့ရည်ရွယ်တဲ့အထိလုပ်ခဲ့ရာ သူမက ကံကောင်းပြီး ရှင်သန်ခဲ့တာဟု အခြားသူတွေကို လိမ်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်၊သူမရဲ့ အဓိပ္ပါယ်မရှိတဲ့စကားများကို နှာထနေတဲ့အဖွဲ့သားတွေနဲ့ အခြားဦးနှောက်မရှိတဲ့သူတွေက ယုံကြည်ပြီး သူမနောက်လိုက်လုပ်ကျတော့သည်၊

ဒါပေမယ့် လန်ဒရီလို  ဒီကမ္ဘာရဲ့သားတော်လေ ဇာတ်လိုက်ရဲ့အရှိန်အဝါကြောင့် သူမစကားများကို တဖက်နားကဝင် တဖက်နားကနေထွက်ကုန်ကျတဲ့အပြင် အရင်က လန်ဒရီလူယုံတော်များဟာ လန်ဒရီကို  ပိုယုံကြည်တာကြောင့် လူသားအဖွဲ့ဝင်ထဲက အတော်ဆုံးကစားသမားအများစုဟာ နတ်ဆိုးအဖွဲ့နဲ့သွားပူပေါင်းပြီးပြီဖြစ်သည်၊သူတို့ဟာ လန်ဒရီကိုသာ ယုံကြည်ကျသည်၊ဒါပြင် လန်ဒရီဟာ ထိုလိုလူမျိုးမဟုတ်မှန်းလဲ သိသည်၊ဒါပေမယ့် လီနာဟာ စိတ်မပူပေ၊သူမအတွက်တော့ သူမကိုကူညီထောက်ပံ့ပေးနေတဲ့နောက်ကွယ်ကလူသာ ဒီလောကမှာ အင်အားအကြီးဆုံးလို့ သတ်မှတ်ထားခြင်းဖြစ်သည်၊ လူတော်တွေ ထွက်လည်း ကိစ္စမရှိပေ၊သူတို့ လူရွေးမှားပြီး နောင်တရပြီးသေဆုံးအောင် လုပ်ပစ်မည်

Zhao Wen Xuan(System)Where stories live. Discover now