Arc.6.11(Shunosuke Tadashi)

18.9K 2.2K 71
                                    


မတွေ့တာ ကြာပြီနော်၊

အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
မတွေ့တာ ကြာပြီနော်၊

Zawgyi

" ဘာလို့ ...Tadashiက omega...ဖြစ်နေရတာလဲ?"

"နောက်မှ ရှင်းပြမယ် အခု နန်းတော်ပြန်ရအောင်"

အနည်းငယ် မှောင်နေပြီဖြစ်တာကြောင့် ဒီမှာမနေသင့်တာနားလည်လိုက်ပြီး Niikiလဲ သက်တော်စောင့်များကို သွားရန် အချက်ပြကာ ထွက်သွားကျတော့သည်၊

Kinoseတို့ထွက်သွားပြီးနောက် မှောင်ရိပ်ကနေထွက်လာပြီး

"တောက်!! Tadashi!!! မင်းက ငါ့လူကို ထိရဲတယ်!! ဒီလောက် စီနီယာက ငါ့အပိုင်မှန်းသိရဲ့နဲ့ ငါ့လူကို လုရဲတယ် "

သူလက်ကို ကျစ်ကျစ်ဆုပ်ကာ Tadashiတို့ ထွက်သွားတဲ့ဘက်ကို မုန်းတီးစွာ စိုက်ကြည့်နေမိသည်၊အခုတလော သူစီစဉ်သလို မဖြစ်လာတာတွေကြီးပဲ စီနီယာNiiki ကလဲ လွန်ခဲ့တဲ့ နှစ်ရက်ထဲက သူကို သိပ်အရောတဝင်မလုပ်တော့ပင်၊ ကြားထဲ စီနီယာKinoseကလဲ ပျောက်နေခဲ့တယ်၊ ဒါကြောင့် စီနီယာNiikiနောက်လိုက်ချောင်းကြည့်တော့ သူမမြင်ချင်တာတွေကို တွေ့လိုက်ရသည်!! Tadashiဆိုတဲ့ကောင်က သူလူရဲ့ရင်ခွင်ထဲမှာ အပေါ်ပိုင်းဗလာနဲ့ သယ်ဆောင်ခံလိုက်ရကို မြင်လိုက်ရသည်၊ဒါ သူနေရာဖြစ်သင့်တာလေ! ဘာကြောင့် Tadashiဖြစ်နေရတာလဲ!! Tadashiရဲ့ အပေါ်က အချစ်ရာများကို ကြည့်ချင်းအားဖြင့် ဘယ်လောက်တောင် လုပ်ခဲ့မုန်းသိသာသည်၊ စီနီယာKinoseက အဲ့ကောင်ကို ကြိုက်နေတာလား.....

"သူက ငါချစ်ရတဲ့သူ"
"သူက ငါချစ်ရတဲ့သူ"
"သူက ငါချစိရတဲ့သူ"

"မဟုတ်ဘူး!!! စီနီယာ က ငါ့ပဲချစ်တာ....အဲ့နေ့က စီနီယာ ရည်ရွယ်ပြီးပြောတာ Tadashiကိုမဟုတ်ဘူး ငါ့ကိုပဲ....ဟုတ်တယ် ငါ့ကိုပဲ"

"ဒါ အလုပ်ဖြစ်မယ်မှန်း မသိခဲ့ဘူး"
Kinoseဟာ သူရဲ့ကုတင်ပေါ်တွင် လဲလျောင်းနေသော ကောင်လေးကို မြတ်နိုးစွာ ကြည့်ပြီး ပြောလိုက်သည်၊

"တကယ်ကြီးပေါ့...ငါ့အထင် မင်းက သူအင်အားကြီးတဲ့ Alphaတယောက်မို့လို့လို့ ထင်တယ် "

Zhao Wen Xuan(System)Where stories live. Discover now