Arc.6.4(Shunosuke Tadashi)

18.5K 2.2K 161
                                    


အရေးအသားမသေသပ်ရင် တောင်းပန်ပါတယ်

Zawgyi

[Sky: ရှေ့နားမှာ ရန်ဖြစ်နေတယ် ၊ ဒုတိယဇာတ်လိုက်နဲ့]

'အမ်....ဒါဆို ဒီချိန်က ဒုတိယဇာတ်လိုက်ကို Natsuki ကယ်တင်ခန်းပေါ့'
ရှေ့နားကို ရောက်တော့ တဖြေးဖြေးတိုက်ခိုက်သံတွေကြားနေရသည်၊ ဒါ အားကစားပစ္စည်းတွေထားတဲ့ဂိုဒေါင်ပဲ ၊ လှမ်းကြည့်လိုက်တော့ 6ယောက် တစ်ယောက် ချနေခြင်းဖြစ်သည်၊ ပြီးတော့ အနက်ရောင်ဆံပင်နဲ့ ခန့်ချောချောလူဟာ အနောက်က ငွေရောင်ဆံပင်နဲ့ကောင်လေးကို ကာကွယ်ရင်း ပြန်ခုခံနေခြင်းဖြစ်သည်၊

"Takeru???" သူအဒေါ်ရဲ့ သားဖြစ်သည်၊သူအစ်ကိုဝမ်းကွဲ Akisara Takeru! ထိုအခါမှ Tadashiလည်း အလုံးစုံ နားလည်သွားတော့သည်၊ ဘာလို့ Takeru နဲ့ Hidakeဟာ တယောက်နဲ့တယောက် mateဆိုတာ သိရဲ့ ဘာလို့မညားတာလဲဆိုတာကိုပေါ့၊

Tadashiဟာ Takeruကို လှမ်းဆွဲဖို့လုပ်နေတဲ့ Alphaကောင်ကို ပိတ်ကန်လိုက်ပြီး ကျန်တဲ့လူတွေကိုလည်း Hidakeနဲ့ ကူဖိုက်ပေးလိုက်သည်၊သူလို တိုက်လိုက်ရေးမှာ ဆရာတဆူဖြစ်နေတဲ့လူအတွက် ဒီလို သာမန်ဇာတ်ကောင်လေးတွေက ဖုန်ခါချသလို လွယ်ကူလှသည့်၊ ထိုလူ၆ယောက်လည်း ကြောက်လန့်ကာ ထွက်ပြေးသွားတော့သည်၊ Tadashiဟာ Takeruရှေ့ကို သွားကာ ဒူးလေးတဖက်ထောက်ရင်း
"စီနီယာTakeru ဘာဖြစ်သွားသေးလဲ ထိသွားသေးလား"

"Ta-kun မင်းကော ထိသွားသေးလား" Tadashiဟာ သူကို စိုးရိမ်နေသော Takeruကို ကြည့်ရင်း အနွေးထွေးဆုံးနဲအတောက်ပဆုံးပြုံးလိုက်ကာ
"Alphaတယောက်အတွက် ဒီလောက်လေးကတော့ အေးဆေးပဲ လာထအုန်း ကျောင်းဆေးခန်းသွားရအောင်"

"Hidake မင်းကော အဆင်ပြေရဲ့လား"

"မသိပါဘူး Takeru ငါ့များ မေ့နေပြီလားလို့" hidakeဟာ စူပုပ်ပုပ်မျက်နှာဖြင့် ပြန်ပြောလိုက်သည်၊ သူမှာတော့ Alpha 6ယောက်ကြား သူငယ်ချင်းလေးကို ဝင်ကယ်ပေးရတယ်၊ နောက်မှ ရောက်လာတဲ့ကောင်က အမှတ်ယူသွားတာ မကျေနပ်ချေ၊ဒါပေမယ့် ထိုကောင်လေးဟာ ချောမောလှပတာကြောင့် သူမှာ အပြစ်လည်းမတင်ရက်ပေ၊ Alphaတယောက်လား....ဘာလို့ Alphaတယောက်ရဲ့ရနံ့က Omegaတွေထက် ပိုမွှေးနေရတာလဲ ၊

Zhao Wen Xuan(System)Where stories live. Discover now