မိတ်ဆက်(မိတျဆကျ)

78.7K 3.2K 187
                                    

ဒီ Ficက ကျွန်တော် ပထမဆုံး ထုတ်ပြတဲ့ OCလေးပါ
အခုတလော System ဇာတ်လမ်းလေးတွေ ဖတ်ရတာ ကျွန်တော် နှစ်သက်မိပြီး ဒီဇာတ်လမ်းလေး ရေးဖို့ သတိရသွားတာပါ

ဒီ ဇာတ်လမ်းရဲ့ ဇာတ်ကောင်က သုံးနှစ်အရွယ်မှာ accident တခုကြောင့် အောက်ပိုင်း သေသွားခဲ့တဲ့အပြင် ဆယ်နှစ်အရွယ်မှာ ကုသလို့မရသေးတဲ့ကင်ဆာ
အမျိုးအစား တခု ရရှိခဲ့တယ်။
ဒါကြောင့် ဇာတ်ကောင် ကျောက်ဝမ်ရွှမ်ဟာ သူ ဘဝ သူစိတ်ကုန်ခဲ့ပေမယ့် သူ မသေခင် သူ ပိုင်ဆိုင်မှုတွေကို တနိုင်ငံလုံးမှာရှိတဲ့ မိဘမဲ့ကလေးများကို လှူတန်းလိုက်တဲ့အပြင် သူရဲ့ ကိုယ်တွင်းအဂါင်္အချို့ကိုလည်း သူသေဆုံးပြီးနောက် လှူတန်းဖို့ လက်မှတ်ထိုးလိုက်ပါသေးသည်။

သူမသေဆုံးခင် မိနစ်အနည်းအငယ်မှာ အသံတသံ ကြားခဲ့ရတယ်...
ဒါကြောင့် သူ အနီး အနားကို ကြည့်တော့ ဘယ်သူမှ မရှိပေ။
ဒါကြောင့် ကျွန်တော့် အသံပိုင်ရှင်ကို မေးလိုက်တယ်
"ဘယ်သူလဲ"
"ငါက ဘဝများရဲ့တံခါးပေါက်များကို ထိန်းချုပ်သူပဲ"
"ဘဝများရဲ့ တံခါးပေါက်များရဲ့ထိန်းချုပ်သူ?...ခင်ဗျားဆိုလိုချင်တာ...ခင်ဗျားက သေမင်းလား"
"အာ့လို အဆင့်နိမ့်တဲ့သူတွေနဲ့ မယှဉ်ပါနဲ့ ငါက စကြဝဠာ သုံးလောက နဲ့ ကမ္ဘာသုံးထောင်ကျော်မှာ ရှိတဲ့ သက်ရှိတွေရဲ့ ဘဝကို ပြန်လည် ထိန်းချုပ်သူပဲ ဒီလောကမှာ ဘုရားသခင်တွေကလွဲ၍ ငါရဲ့အဆင့်က မနိမ့်ဘူး ကောင်လေး"
ဒီလို မြင့်မြတ်တဲ့ပုဂ္ဂိုလ်က ဘာလို့ ကျွန်တော့်ဆီ လာပါလိမ့်...
သူရဲ့အတွေးကို သိသူပမာ ဘဝများရဲ့တံခါးများကို ထိန်းချုပ်သူက
"မင်းက ငယ်ငယ်ထဲက ကံခေသူ တယောက် ဖြစ်ခဲ့တယ် မင်း ကိုယ် မင်း သေရက် နီးလာလေ မင်းက တည်ငြိမ်လာလေပဲ...ဒါအပြင် မင်းက မိဘမဲ့ကလေးပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်၊ လူကြီးတွေကို ကယ်တင်တာ ကုသိုလ် ရနိုင်သလို တခါတလေ အကုသိုလ် ပါ ဖြစ်သွားနိုင်တယ် ဒါပေမယ့် ကလေးတွေရဲ့နှလုံးသားက မညစ်ညမ်းသေးတာကြောင့် မင်းရဲ့ ကုသိုလ်က အရမ်းကြီးမားနေပြီလေ
ဒါပေမယ့် ကံဆိုးချင်တော့ မင်းရဲ့ ဝိညာဉ်စွမ်းအားက အရမ်းနည်းနေရှာတယ်...ဒါကြောင့် မင်းနောက်ဘဝ မှာလည်း ဒီလို အဖြစ်မျိုး ဆက်လက် ကြုံတွေ့နေအုန်းမှာပဲ ဒါပေမယ့် ငါက မင်းကို အခွင့်အရေးတခုပေးမယ်
မင်း ဒီအတိုင်း သေဆုံးပြီး ဘဝ ကူးမလား ငါနဲ့ လိုက်ခဲ့ပြီး မင်းရဲ့ဝိညာဉ်စွမ်းအားကို မြှင့်တင်မလား ကဲ ရွေးချယ်ပါ ကောင်လေး"
ကျောက်ဝမ်ရွှမ်.. အနည်းအငယ်တွေဝေမှုတွေ မရှိပဲ
" မြင့်မြတ်တဲ့ ပုဂ္ဂိုလ် ကျွန်တော် ခင်ဗျားနဲ့လိုက်ခဲ့မယ်..ဘဝဆက်တိုင်း ဒီလို အဖြစ်မျိုးဖြစ်နေရင် ဒီဘဝက ဘာထူးတော့မှာလဲ"
"ကောင်းတယ် လာ သွားစို့"
အသံလည်း ကြားပြီး အဖြူရောင် အလင်းတန်းများပေါ်လာပြီး ကျွန်တော့်ကို ခေါ်ဆောင်နေတော့သည်... ကျွန်တော်လည်း စိတ်ဒုံးဒုံးချကာ...လွင့်ပါနေသော ကျွန်တော်ဝိညာဉ်ကနေ တဆင့် အခွံပဲရှိတော့တဲ့ ကျွန်တော့် ခန္ဓာကိုယ်ရယ် တီ..တီ...တီ...ဆိုပြီး အချောင်းရှည်ပြနေတဲ့ နှလုံးတိုင်းစက်ကို တလှည့်ကြည့်လိုက်မိသေးသည်။

Zhao Wen Xuan(System)Where stories live. Discover now