Arc-11.5(Hyung... I love you)

7.3K 1.1K 41
                                    

Zawgyi

လီထယ်ယွန်းနဲ့ ကင်​ဆောင်းဟိုဟာ အတန်းဆီကိုတူတူပြန်လာ​တော့သည်၊အဓိကဇာက်​ကောင်ဝူဂျင်ယောင်း မရှိသည်ကို သတိထားမိလိုက်သည်။ဝူဂျင်ယောင်းဟာ ကျောင်းသားအသစ်ဖြစ်တာကြောင့် ဆရာနဲ့အတူရောက်လာလိမ့်မည်။ဒါကြောင့် သူလည်း စိတ်ထဲထည့်မနေတော့ဘဲ ကင်ဆောင်းဟိုရဲ့အင်္ကျီလက်ကိုဆွဲလိုက်ပြီး

"ဆောင်းဟို... ငါ မင်းဘေးမှာ ထိုင်လို့ရလားဟင်" လို့ပြောလိုက်ရင်း ကင်ဆောင်းဟိုဘေးကထိုင်နေသည့်ကျောင်းသားကိုလည်း လီထယ်ယွန်းကြည့်လိုက်သည်။

"အတန်းဖော်မင် ကျွန်တော်နဲ့နေရာလဲပေးလို့ရမလား...ကျေးဇူးပြုပြီး"

"ခုံတွေက အဆင့်လိုက်စီထားတာလေ တကယ်လို့ ဆရာသိသွားရင် ငါတို့အဆူခံရလိမ့်မယ်"

မင်ဟယ်ဂျွန်က လီထယ်ယွန်းကို သဘောမကျလို ငြင်းလိုက်ခြင်းမဟုတ်ဘဲ တကယ်ကိုပင် အဆူခံရလိမ့်မည်ဆိုးတာကြောင့် ပြောလိုက်ခြင်းဖြစ်သည်။

"အာ...သိပြီ" လီထယ်ယွန်းရဲ့မျက်နှာလေးဟာ ညှိုးနွမ်းသွားပေမယ့် သူဟာ အားတင်းပြောလိုက်ပြီး ကင်ဆောင်းဟိုဘက်လှည့်ကာ

"ဆောင်းဟို နေ့လယ်စာစားချိန်ကျရင် တူတူစားကျမယ်" လို့​ပြောရင်း သူနေရာသူပြန်သွားထိုင်တော့သည်။ဒါပေမယ့် အစထဲက အတန်းထဲကလူတိုင်းဟာ ကင်ဆောင်းဟိုနဲ့လီထယ်ယွန်းတို့ဟာ အတွဲတွေမှန်းသိကျသလို လီထယ်ယွန်းဟာလည်း ကင်ဆောင်းဟိုပေါ် အရမ်းချစ်သည်ကို သိကျသည်။နောက်ပြီးတော့ လီထယ်ယွန်းဟာ စာတော်သည့်ကျောင်းသားတစ်ယောက်ဖြစ်ပြီး လူကုံထံအသိုင်းအဝိုင်းက လီအိမ်တော်ရဲ့သခင်လေးဖြစ်ရုံသာမက ရုပ်ရည်သည်လည်း ပြောစရာမလိုအောင် ကြည့်ကောင်းတာကြောင့် လူတိုင်းဟာ သဘောကျသည်။ဒါပေမယ့် လီထယ်ယွန်းဟာ ကင်ဆောင်းဟိုကလွဲ၍ ဘယ်သူနဲ့မှ စကားမပြောပေ၊

"ဆောင်းဟို ငါတောင်းပန်ပါတယ်ကွာ နေ့လည်ကျမှ အတန်းပိုင်ကို ခုံပြောင်းပေးဖို့ ပြောပေးမယ်" မင်ဟယ်ဂျွန်ဟာ ကင်ဆောင်းဟိုရဲ့ပခုံးကိုပုတ်ရင်း ပြောလိုက်သည်။ကင်ဆောင်းဟိုဟာ ပြုံးကာခေါင်းညိတ်လိုက်ပြီး သူရဲ့ဖုန်းဆီ စာစောင်တွေဝင်လာတာကြောင့် ကြည့်လိုက်တော့ #TY♥SH# ဆီကရယ် #Ji-young# ဆီကပါ ဝင်လာခြင်းဖြစ်သည်။ပထမက ကင်ဆောင်းဟိုရဲ့လက်ဟာ #Ji-young#ဆိုတဲ့အကောင့်ဆီလှမ်းမလို့ လုပ်လိုက်ပေမယ့် သူလက်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး #TaeYoon♥Song-ho#အကောင့်ဆီက ဝင်လာပြီး စာတွေကို ဖတ်လိုက်သည်။

Zhao Wen Xuan(System)Where stories live. Discover now