Arc2.5(Fang Wen Jian)

23.5K 2.6K 133
                                    


Zawgyi
(အရေးအသား သိပ်မကောင်းလို့ သည်းခံဖတ်ပေးပါရန် ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်)

"အမျိုးသမီးငယ်လေးများနဲ့ ကော အမျိုးသားငယ်လေးများရဲ့ ဂီတ ပြိုင်ပွဲ မဲကဒ်ရထားတဲ့သူ ဘယ်သူမဆို လာရောက် ယဉ် ပြိုင်နိုင်ပါပြီ"

အမျိုးသားများကတော့ အော်ဟစ်က အားပေးနေကျတော့ အရင်ချန်ပီယံဖြစ်ခဲ့တဲ့ Lan Mei You နာမည်ကို ပိုပို အော်ဟစ်ကာ အားပေးနေကျသည်၊ Lan Mei Youရဲ့ မောက်မာစွာ ခေါင်းကို မော့ချီကာ စင်ပေါ်ကို တတ်သွားတော့သည်၊ ဒါဟာ သူရဲ့ ထင်ရှားနေသော ကျူးရှားရစ်ကို ပိုမို ထင်ပေါ်စေသည်၊ သူဟာ ကူချင်းတလပ်ကို ယူလိုက်ကာ သူကိုယ်သူ စတင် မိတ်ဆက်လိုက်သည်၊

"လက်ဝဲအမတ်ကြီးရဲ့သား Lan Mei Youပါ အားလုံးကို Mei Youက သီချင်းလေး တပုဒ်တီးခတ်ပေးပါရစေ...."
Mei Youသည် ကြိုးပေါ် သူရဲ့လက်များကို တင်ကာ စတင် တီးခတ်တော့သည်၊ Lan Mei Youရဲ့အသံက သာယာချိုအေးပြီး နားထောင်လို့ကောင်းတဲ့ အသံဖြစ်သည်၊ သူဟာ ကူချင်းကို သူအသံနဲ့လိုက်ဖက်စွည သီဆိုနေရင်း လူအကုန်လုံးကို ဆွဲဆောင်နေတော့သည်၊
'ဟုတ်တယ် ငါ့ကိုပဲ ကြည့်ကျ ငါကအတော်ဆုံးပဲ... ငါရဲ့တီးခတ်မှုကို နားဆင်ရတာ မင်းတို့ ဂုဏ်ယူသင့်တယ်'

သီချင်းသံဟာ... တဖြေးဖြေး ဖြေးညင်းစွာ ပြီးဆုံးသွားသည်နှင့် လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်၊ ဘယ်လောက်ပဲ ဖြူစင်ဟန် ဆောင်ဆောင် Lan Mei Youရဲ့ မျက်လုံးဟာ မာန်မာနများကတော့ ထင်ဟပ်နေသည်၊ သူဟာ မင်းသားတွေ ထိုင်ရာကို လှမ်းကြည့်လိုက်တော့
တစ်ယောက်ဟာ ရေနွေးကြမ်း ပန်းကန်ကိုသာ စိုက်ကြည့်နေပြီး ကျန်နှစ်ယောက်ဟာ မျက်စိနဲ့ စစ်တိုက်နေကျသည်၊ ဒါ ဟာ အနည်းငယ်ထူးဆန်းသွားပေမယ့် Lan Mei Youဟာ သူဘာသာ သူဖြည့်တွေးလိုက်ပါတော့သည်၊
'ငါရဲ့ သီချင်းကြောင့် ငါ့ကို လုချင်လို့ အချင်းချင်း ရန်တောင် ဖြစ်နေပါလား' လို့ တွေးကာ စင်အောက်ကို ပြုံးရွှင်ကာ ဆင်းသွားတော့သည်၊

တစ်ယောက်ပြီး တစ်ယောက် ပြိုင်ဆိုင်နေကျပေမယ့် Lan Mei Youကို မီမဲ့သူ တစ်ယောက်မှ ပေါ်မလာသေးပင်၊ နောက်ဆုံး တစ်ယောက်ပဲ ကျန်တော့သည်၊ ထိုသူဟာ အကုန်လုံး ပါးစပ်ဖျားတွင် ရေပန်းစားခဲ့သော အမှိုက်တစ်ယောက်ဖြစ်သည် ဘာလို့လဲဆိုတော့ သူရဲ့ ကျူးရှားရစ်က မတောက်ပတဲ့အပြင် မှေးမှိန်ပြီး ပန်းနုရောင်ဘက်ရောက်နေလို့ ဖြစ်သည်၊ Fang Wen Jianဟာ ဘယ်တော့မှ တေးဂီတ ပြိုင်ပွဲကို ဝင်မပြိုင်ခဲ့ပါဘူး ဒါပေမယ့် ဘယ်သူမှ အထင်မကြီးပေ ဘာလို့လဲဆိုတာ Fang Wen Jian ဟာ ဘာအတတ်ပညာမှ မတတ်ကြောင်း အကုန်လုံးဟာ သိရှိကျသည်၊
ဒါပေမယ့် အားလုံးက ဝင်ပြိုင်မည် မထင်သော သူဟာ ခုံပေါ်မှ ဖြေးညင်းစွာ ထသွားရင်း စင်ပေါ် တတ်သွားတော့သည်၊
ထိုနောက် လျှိုချင်း ကို ရွေးချယ်လိုက်တော့သည်၊ Lan Mei Youက ပထမ စိုးရိမ်သွားသော်လည်း Fang Wen Jian ရွေးချယ်လိုက်တဲ့ ဂီတတူရိယာကြောင့် မျက်နှာပေါ်တွင် လှောင်ပြုံး တခုကို ချိတ်ဆွဲရင်း
'လှတော့လဲ ဘာဖြစ်လဲ သူဟာ အမှိုက်က အမှိုက်ပဲ'

Zhao Wen Xuan(System)Where stories live. Discover now