Arc-10.15(စစ်သူကြီးပိုင်ကုဖန်း)

8.8K 1.2K 17
                                    

Zawgyi

နောက်နေ့ ညီလာခံ၌ အမတ်တွေဟာ ပိုင်အန်းယုကို ဒုမိဖုရားအရာမြောက်သည့် ကိစ္စနဲ့ အငြင်းပွားနေတော့သည်၊ဘာပဲဖြစ်ဖြစ် စစ်သူကြီးပိုင်ကုဖန်းရဲ့နောက်ခံရှိပေမယ့် အခြားတိုင်းပြည်က အမျိုးသမီးတစ်ယောက်ကို မိဖုရားခေါင်ပြီးရင် အနောက်ဆောင်မှာ ဒုတိယရာထူးအမြင့်ဆုံး ဒုမိဖုရားအရာကို မပေးအပ်ချင်သည်ဟာ အမှန်ပေ၊ဒါပေမယ့်လည်း ခက်ထန်သည့် မျက်နှာထားဖြင့် ထိုင်နေသည့် ဘုရင်မင်းမြတ်ကြောင့် သူတို့မှာ ပြန်လည်ငြိမ်သက်သွားတော့သည်၊

မင်ရန်ဟောက်က ထိုအသိဥာဏ်မရှိ အားနေငြင်းခုံဖို့ဘဲ တတ်သည့်အဘိုးအိုတသိုက်ကို လစ်လျူရှုကာ

"စစ်သူကြီးပိုင်ကုဖန်း "လို့ ခေါ်လိုက်တော့ ပိုင်ကုဖန်းဟာ ရှေ့တက်လာကာ

"အမိန့်ရှိပါ အရှင်မင်းကြီး" လို ပြောလိုက်တော့ မင်ရန်ဟောက်ဟာ

"အခြားနှစ်နိုင်ငံရဲ့နယ်စပ်မြို့တွေကို သိမ်းပိုက်ဖို့ စစ်သူကြီးမှာ ယုံကြည်ချက်ဘယ်လောက်ရှိလဲ" လို့ မေးလိုက်တော့ ပိုင်ကုဖန်းဟာ အနည်းငယ်တွေးတောပြီးနောက်...

"ပိုင်စစ်တပ်နဲ့ဆိုရင် ခုနှစ်ဆယ့်ရာခိုင်နူန်း နိုင်နိုင်ချေရှိတယ် အရှင်မင်းကြီး"လို့ ပြောလိုက်တော့ အခြားအမတ်တွေဟာ ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးပြောဆိုနေကြတော့သည်၊သူတို့နှစ်ပေါင်းများစွာ တိုက်ခိုက်ရမည့် အခြားနိုင်ငံတွေရဲ့ နယ်စပ်ခံတပ်​တွေကို စစ်သူကြီးပိုင်ကုဖန်းဟာ နိုင်နိုင်ချေ ခုနှစ်ဆယ်ရာခိုင်နူန်းဆိုတော့ သူတို့ရင်ထဲ ပန်းများပွင့်သွားသယောင်ပင်၊ တကယ့်ကို စစ်သူကြီးပိုင်ကုဖန်းနဲ့ပိုင်စစ်တပ်ကို ပိုင်ဆိုင်ထားရသည်ဟာ သူတို့အတွက် ဘုရားပေးသည့် ဆုလာဘ်လိုပင်၊

"ကောင်းပြီ စစ်သူကြီးပိုင်ကုဖန် မောင်မင်းကို ထိုနယ်စပ်မြို့တွေကို တစ်လအတွင်း သိမ်းဖို့ ငါကိုယ်တော်အမိန့်ပေးတယ်"

"ဘုရင့်အမိန့်တော်တိုင်းပါ" ပိုင်ကုဖန်းဟာ ဒူးတစ်ဖက်ထောက်ကာ လက်နှစ်ကို ဆုပ်ကာ ရိုသေလေးစားဟန်ဖြင့် ပြောလိုက်သည်၊ အခြားအမတ်တွေကတော့ တစ်လဆိုတော့ အချိန်ကာလဟာ တိုလွန်းတာကြောင့် ပိုင်ကုဖန်းအစား အချိန်တိုးမြှင့်ရန် တောင်းဆိုကြပေမယ့် နောက်ဆုံး ဘုရင်ရဲ့အေးစက်စက်မျက်ဝန်းများကြောင့် ပြန်လည်တိတ်ဆိတ်သွားကြတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now