Arc-10.16(စစ်သူကြီးပိုင်ကုဖန်း)

8.7K 1.3K 64
                                    

Zawgyi

ပိုင်ကုဖန်း သူရဲ့စစ်တပ်နဲ့အနောက်ဘက်မင်စစ်တပ်ကို ဦးဆောင်ကာ နယ်စပ်ဘက်ကို ထွက်ခွာလာတော့သည်၊မြို့တော်ထက် နယ်စပ်မြို့ရဲ့အပူချိန်ဟာ သာမန်ထက်ဒီဂရီပိုမြင့်လွန်းလှပြီး စိမ်းစိုနေသည့် သစ်ပင်မဆိုနှင့် မြက်ပင်တောင် မတွေ့ရချေ ၊ဒါပေမယ့် ထိုပူပြင်းလှသည့်နွေအပူချိန်ဟာ ပိုင်ကုဖန်းဦးဆောင်လာသည့် စစ်တပ်ကိုတော့ မထိုးဖောက်နိုင်ပင်၊သူတို့ဟာ ပန်ခင်းလမ်းပေါ် လမ်းလျှောက်နေသည့်အတိုင်းပင် လေးလံနေသည့်သံကျပ်ကာတွေဟာ သူတို့အတွက် သာမန်အင်္ကျီတွေအလား ပေါ့ပေါ့ပါးပါးပင် နယ်စပ်အစွန်းပိုင်းကို ချီတက်လာတော့သည်၊နယ်စပ်မြို့သုံးမြို့ဟာလည်း လူသူအနည်းငယ်သာရှိပြီး လူနေအိမ်တွေဟာလည်း ယိုယွင်းပျက်စီးနေသည်ကို ကြည့်ခြင်းအားဖြင့် သုံးနိုင်ငံနယ်နိမိတ်ကြားမှာ ရှိတဲ့ မြို့ငယ်လေးတွေဟာ အေးချမ်းစွာ နေရမည့်ပုံမပေါက်ပေ၊

ပိုင်ကုဖန်းဟာ ခြောက်သွေ့နေသည့်နယ်စပ်မြို့ကိုကြည့်လိုက်ပြီး

"ဒီမှာ စခန်းချမယ်" လို့ ပြောလိုက်သည်နှင့် တပ်သား​တွေဟာ ချက်ချင်း သူတို့နေထိုင်ရာ ရွက်ဖျင်တဲများပြင်ဆင်ကြတော့သည်၊ပိုင်ကုဖန်းသည်လည်း သူကိုယ်တိုင် သူတဲကို ပြင်ဆင်ပြီးစီးနောက်မှာတော့ ရှေ့ပြေးတမန်တော်ကို သူ့တဲထဲလာရန် အမိန့်ပေးလိုက်တော့သည်၊ထိုနောက် သုံးနှစ်နိုင်ငံကြားရှိ နယ်စပ်မြို့ငယ်ခြောက်မြို့ကို မင်တိုင်းပြည်လက်အောက်ကို ထည့်သွင်းမည့်အကြောင်းနဲ့ စိတ်မကျေနပ်မှုရှိပါက မင်တိုင်းပြည်ကို လာရောက်တိုက်ခိုက်နိုင်အကြောင်း ရှေ့ပြေးတမန်တော်နဲ့စေလွှတ်လိုက်တော့သည်၊

ပိုင်ကုဖန်းဟာ သူရဲ့ဓားကို သန့်ရှင်းနေတုန်းမှာပဲ မင်တပ်သားတစ်ဦးဟာ ဝင်လာပြီး ဒူးတစ်ဖက်ထောက်ကာ

"စစ်သူကြီးပိုင် သိမ်းငှက်အဖွဲ့ကင်းလှည့်နေတုန်းမှာ မသင်္ကာဖွယ် လူတစ်ဦးကို ဖမ်းမိထားပါတယ်... ဒါကြောင့် စစ်သူကြီး ထိုသူစိမ်းကို တချက်လောက် လာစစ်ဆေးကြည့်ပေးပါဦးလို့ လက်ထောက်စစ်သူကြီးက ပြောလိုက်ပါတယ်" လို့ တပ်သားရဲ့စကားကြားတော့ ပိုင်ကုဖန်းမျက်မှောင်ကြုတ်သွားသည်၊အရင်တုန်းက သူစိမ်းတစ်ယောက် ရုတ်တရက်ကြီး မင်စစ်တပ်ရဲ့စခန်းပတ်ဝန်းကျင်မှာ မပေါ်လာပေမယ့် ဒီတည်ငြိမ်မှုမရှိတဲ့ကမ္ဘာမှာတော့ အရာရာဟာ ခန့်မှန်းရခက်ခဲလွန်းနေသည်၊

Zhao Wen Xuan(System)Where stories live. Discover now