Arc.7.8(နတ်ဆိုးဘုရင်အက်တာ)

14.5K 1.9K 31
                                    


Zawgyi

"ဆက်သွားလဲ ဘာမှထူးမှာ မဟုတ်ဘူး" လို့ အက်တာဟာ ဝင်ပြောလိုက်သည်၊သူသိတာပေါ့ ဇာတ်လိုက်မရဲ့အကြံတွေကို၊ပြီးတော့ အဲ့ထိတော့ မလိုက်လျောပေးနိုင်ဘူး၊ဒီကမ္ဘာက Sအဆင့်လေ၊ပြီးတော့ ဇာတ်လိုက်မနောက်မှာ သူမသိသေးတဲ့နောက်တယောက်ရှိသေးတယ်၊ဒီကမ္ဘာမှာ ကျဆုံးခဲ့ရင် သူဝိညာဉ်ဟာ ထာဝရပျက်ဆီးသွားလိမ့်မယ်၊

"ဒါပေမယ့်...နောက်ထပ် ရတနာတွေ ရှိရင် ရှိနိုင်သေးတာပဲလေ"

"မယုံရင် မင်းတို့လိုက်သွားနိုင်တယ် ငါတို့နတ်ဆိုးအဖွဲ့ကတော့ ဆက်ပူပေါင်းမှာ မဟုတ်ဘူး ပြီးတော့ ငါက ဝင်္ကပါပညာရှင် ဒီလိုသတ်ဖြတ်ခြင်း ဝင်္ကပါရှိတဲ့ အဆောက်အုံ မှာ ဆက်သွားရင် ဘာရတနာမှ ရှိမှာမဟုတ်ဘူး ပြီးတော့ ဆက်သွားရင် မင်းတို့ အသက် ဆုံးရှူံးသွားလိမ့်မယ် "

အက်တာဟာ အတိအလင်းပြောလိုက်တော့သည်၊လီနာရဲ့အဓိကဦးတည်မှုဟာ သူပေမယ့် အခြားသူတွေကိုလည်း အလွှတ်မပေးမှန်း သူသိသည်၊ဆက်လိုက်သွားတဲ့သူက သေမှာပဲ၊ သူကတော့ ဖျင်ယားပြီးလိုက်သွားတဲ့သူတွေကို အားနေယားနေ မကယ်နိုင်ပေ၊

"နတ်ဆိုးအဖွဲ့က ကြောက်တာလား" လီနာဟာ အက်တာတို့မလိုက်မှာ အရမ်းကိုလန့်နေမိသည်၊အရှေ့မှာတွေ့တဲ့ရတနာတွေကိုလဲ ခွဲဝေမပေးချင်၊ဒါကြောင့် စိတ်ဆွပေးရန် စဉ်းစားလိုက်သည်၊ မခံနိုင်ချင်ပဲ လိုက်လာတာကလဲ လိုက်လာတာပဲလေ

"ဟားဟား...."အက်တာဟာ တချက်ရယ်လိုက်ကာ...လီနာကို ကြည့်ပြီး " ကြောက်တာနဲ့ ဥာဏ်မရှိတာ မတူဘူးလေ လီနာလေးရဲ့ ကိုယ်တို့ကို ကြောက်တယ် ထင်ရင်တော့ ထင်လိုက်ပါ" လို့ အက်တာဟာ ပြုံးကာ ပြောလိုက်သည်၊ထိုနောက် အခြားသူများကို နူတ်ဆက်ပြီး ခွဲတမ်းရတနာအချို့ထဲက တကယ် ရှားပါးတဲ့ရတနာတွေကို ရွေးယူပြီး ပြန်ထွက်လာလိုက်သည်၊ကျန်တဲ့သူတွေ သေမသေ ၊ဒါသူတို့ သမိုင်းပဲ၊သူတို့ကို သတိပေးပြီးပြီ၊

"အက်တာ ငါတို့ကို ကြောင်သူတော်တွေလို့ထင်နေကျအုန်းမယ်"
သူရဲ့ စစ်သူကြီး နောက်တယောက်ဖြစ်တဲ့ မစ်လ်ဟာ ပြောလိုက်သည်၊သူတို့နတ်ဆိုးအဖွဲ့ကို အခြားသူတွေအဲ့လိုထင်မှာ ကြောက်သည်၊ အက်တာဟာ စိုးရိမ်မှုလွန်ကဲနေတဲ့သူရဲ့အဖွဲ့သား မစ်လ်ရဲ့ ခေါင်းကို ဖွဖွလေး ပုတ်လိုက်ကာ...

Zhao Wen Xuan(System)Where stories live. Discover now