Arc.5.3(အီသန် ဆီရိမစ်လ်)

16.7K 2.2K 64
                                    



အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
ထုံးစအတိုင်း စာပြန်မစစ်တာကြောင့် စာလုံးပေါင်းမှားရင် ဖြည့်ဖတ်ပေးပါဗျ ပျင်းလို့ပါ😫😫

Zawgyi

"ဒီနေရာက အနီရောင်မြို့တော်ပေါ့"
ဆံပင်ငွေရောင်နဲ့ ကောင်လေးတယောက်သည် လှည်းထဲကနေ ခေါင်းထွက်ပြီး မြင်နေရပြီဖြစ်တဲ့ မြို့တံတိုင်းကို ကြည့်ကာ ပြောလိုက်သည်၊
"ဟုတ်ပါတယ် သခင်လေး"

"ဟက် သာမန်ပေမယ့် ဒီနေရာကနေ ငါ့ရဲ့အောင်မြင်မှုတွေကို စတင်ရမှာပဲလေ"သူရဲမျက်ဝန်းထဲတွင် မောက်မာမှုများ ရှိနေသည်၊
ထိုလူငယ်က ဒီကမ္ဘာရဲ့ ဇာတ်လိုက်မ(male) ကိုင်လန် နိုစ်ခရစ်ဒီး ဖြစ်သည်၊သူဟာ ဒီခန္ဓာကိုယ်ထဲကို အချိန်ကူးပြောင်းတဲ့အချိန်မှ စ၍ သူအနီးအနားက လူတွေကို ရိုက်ချနိုင်ခဲ့သည်၊ သူကူးပြောင်းလာတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဟာ သူရဲ့ပြန်လည် ပြုပြင်မှုများကြောင့် အလှများ ပေါ်ပေါက်လာတဲ့အပြင် ခေတ်သစ်မော်ဒန်ကမ္ဘာက လာတဲ့သူပီပီ မှော်စွမ်းအင်ရဲ့ ပေါင်းစည်းမှုတွေ သိတာကြောင့် သူဟာ သိပ်အသုံးဝင်တဲ့ ရေစွမ်းအင်ကို ရေခဲစွမ်းအင်အနေနဲ့ အလွယ်တကူ သုံးနိုင်ခဲ့သည်၊ ဒီကမ္ဘာကို ကူးပြောင်းလာတာ လချီသည်နှင့်အမျှ သူရဲ့ လောဘက အတောမတတ်နိုင်တော့ပေ၊ သူရဲ့ လူမျိုးဟာ အားလုံးရဲ့ အထက်မှာ ရှိနေသင့်သည်မလား၊ ကိုင်လန်ဟာ သူရဲ့လှပတဲ့ရုပ်ရည် ရှားပါးတဲ့စွမ်းအင် သူရဲ့သူမတူတဲ့ထက်မြက်တဲ့ဥာဏ်ရည်များကြောင့် လုံးဝမောက်မာနေသူဖြစ်သည်၊

တဖက်တွေလည်း အိမ်ရှေ့မင်းသား ဂျက်ဟာ ဖင်တကြွကြွနဲ့ အီသန် ဆီရိမစ်လ်ကို မျှော်နေရှာသည်၊ မနက်ဖြန်ပဲ ပြိုင်ပွဲစတော့မည်၊ အခုထိ လူမပြောနဲ့ အရိပ်ပင် မတွေ့ရသေးချေ၊ ထိုကြောင့် သူဟာမနေနိုင်တော့ပဲ သူယုံကြည်ရတဲ့လူတယောက်ကို မှော်ဌာနချုပ်ကို စာတစောင် ထပ်ပို့ခိုင်းလိုက်သေးသည်၊ သူစိတ်ထဲ ဒါတောင် လွန်လှပြီလို့ ထင်နေမိသည် ဂျက်ဟာ မဲ့ပြုံးတချက် ပြုံးလိုက်ပြီး မနက်ဖြန်ပွဲအတွက် ထပ်မံ လေ့ကျင့်တော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now