Arc-10.19(စစ်သူကြီးပိုင်ကုဖန်း)

9K 1.3K 30
                                    


WARNING 🔞🔞🔞

Zawgyi

မင်ရန်ဟောက် သူရဲ့ရင်ခွင်ကို မှီကာ မျက်နှာရှုံ့မဲ့ကာ အော်ဟစ်လိုက်သည့် ပိုင်ကုဖန်းကြောင့် သူရဲ့တကိုယ်လုံးပင် အေးစက်သွားကာ တုန်ယင်နေသည့် သူ့ရင်ခွင်ထဲက ချစ်ရသူလေးကို ဖက်ထားရင်း...

"ကိုယ်ရှိတယ်... ဘာမှမဖြစ်ဘူး"လို့ ချော့မော့ရင်း 'သိုက်'ဆိုသည့် နာမည်ကြောင့် သူနည်းနည်းလေးတောင် ဘာမှမခံစားရချေ၊ပုံမှန်ဆို ပိုင်ကုဖန်းပါးစပ်က ယောကျာ်းတစ်ယောက်နာမည်ထွက်မိတာနဲ့ သူတော်တော်ပေါက်ကွဲမိမှာဖြစ်ပေမယ့် 'သိုက်'ဆိုသည့်နာမည်ဟာ သူ့ကိုညွှန်းနေသယောင်ပင်၊အခုလည်း ရင်ခွင်ထဲကနေ သူရဲ့ဝမ်းဗိုက်ကို ပွတ်သပ်လာပြီး အရည်ရွှန်းရွှန်းမျက်ဝန်းနက်လေးနဲ့ နီရဲနေသည်မျက်နှာလေးဟာ အခန်းရဲ့အမှောင်အောက်ရှိ ဖယောင်းတိုင်အလင်းကြောင့် ပိုမိုဖြားယောင်းနေသယောင်၊ပိုင်ကုဖန်းဆိုသည့် အမျိုးသားဟာ သူစမြင်ထဲက တမူထူးခြားခဲ့သည်၊ဒီယောကျုာ်းအကြောင်းကို ကြားရဖို့ သူကြိုးစားအားမထုတ်ခဲ့ရပေမယ့် ပိုင်ကုဖန်းဆိုတဲ့ယောကျာ်းကိုရဖို့တော့ သူဘယ်လော့ဗျူဟာတွေခင်းကျင်းခဲ့ရလဲ သူကိုယ်တိုင်သိသည်၊ အရင်နေ့တွေက သူ့မျက်စိအောက်က အပျောက်မခံစောင့်ကြည့်ခဲ့သည့် ယောကျာ်းပျိုဟာ အခုချိန်မှာ အခြားတစ်ယောက်လိုပင်၊

မီးရောင်အောက်ကနေ သူ့ကိုဖျားယောင်းနေသည့် အလှဂေးလေးလိုပင်၊မင်ရန်ဟောက်ရဲ့အပြုံးများဟာ ပိုမိုသက်ဝင်သွားပြီး သူရဲ့ခရမ်းရောင်မျက်ဝန်းများဟာ ရမ္မက်များထကြွနေကာ ရှေ့ရှိယောကျာ်းပျိုကို ခုန်အုပ်ကာ စားချင်နေသလိုပင်၊

မင်ရန်ဟောက်ရဲ့လက်တစ်ဖက်ဟာ ပိုင်ကုဖန်းရဲ့ခါးသွယ်သွယ်ကို ဖျစ်ညှစ်လိုက်ပြီး...

"ကိုယ့်ကို ပြုစားမနေနဲ့...ကိုယ် တကယ်လုပ်မိလိမ့်မယ်" ပြောလိုက်တော့ ထိုမျက်ဝန်းနက်လေးများဟာ အရောင်တလဲ့လဲ့တောက်နေကာ... နူတ်ခမ်းလွှာလေးဟာ ဟလာတာကြောင့် ပန်းရောင်လျှာလေးကို မြင်လိုက်ရတော့ သူရဲ့စိတ်များပင်မက အောက်ပိုင်းတနေရာပင် တင်းကြပ်သွားသလိုပင်၊

Zhao Wen Xuan(System)Where stories live. Discover now