Arc-11.7(Hyung...I love you)

8.4K 1.1K 101
                                    

Zawgyi

လီထယ်ယွန်း ထွက်သွားသည့်ဝူဂျင်ယောင်းကြောင့် မတ်တပ်ရပ်လိုက်ပြီး ကင်ဆောင်းဟိုကို ကြည့်ကာ

"ဆောင်းဟို လိုက်သွားလေ" လို့ ပြောလိုက်ပေမယ့် ကင်ဆောင်းဟိုဟာ ခေါင်းခါလိုက်ပြီး သူဟာ လီထယ်ယွန်းကိုပင် ပြန်ထိုင်ခိုင်းလိုက်ပြီး

"ထယ်ယွန်း ကိုယ် မင်းကို ပြောစရာရှိတယ်"လို ကင်ဆောင်းဟိုဘက်က စပြောလာသည့်အခါမှာတော့ လီထယ်ယွန်းဟာ ခေါင်းငုံ့လိုက်ပြီး သူဟာ သက်ပြင်းသဲ့သဲ့လေးချကာ

"မင်း ဘာပြောမလဲဆိုတာ ငါသိတယ်"လို့ ပြောလိုက်တော့ ကင်ဆောင်းဟိုဟာ အံ့အားသင့်သွားတော့သည်။လီထယ်ယွန်းဟာ အံ့အားသင့်နေသည့်ကင်ဆောင်းဟိုကို ကြည့်ရင်း ပြုံးကာ

"သူက မင်းရဲ့အချစ်ဦးမလား " လို့ မေးလိုက်တော့ ကင်ဆောင်းဟိုဟာ ခေါင်းညိတ်လိုက်ပြီးနောက်မှာ သူဟာ လိထယ်ယွန်းရဲ့လက်ကို ဖွဖွလေးဖိဆုပ်လိုက်ပြီး

"ဟုတ်ခဲ့ပေမယ့် ငါအခု သူပေါ်မှာ ဘာခံစားချက်မှမရှိတော့ဘူး အဲ့တာ အမှန်ပါ ထယ်ယွန်း" လို့ပြောလာတာကြောင့် လီထယ်ယွန်းရဲ့နားထိပ်လေးဟာ ရဲသွားကာ သူရဲ့ရှက်သွေးဖြာနေသည့်အမူအရာကို ဖုံးရန် ခေါင်းငုံ့လိုက်သည်။ဒါကြောင့် အကုန်လုံးဟာလည်း လီထယ်ယွန်းရှက်သွားသည်လို့ပဲ ထင်လိုက်ကျသည်။အမှန်က လီထယ်ယွန်းဟာ ကင်ဆောင်းဟို ဘယ်သူ့ကိုကြိုက်ကြိုက် ဂရုမစိုက်ပင်၊သူကတောင် ပျော်ပျော်ကြီး ပို့ပေးလိုက်ဦးမည်။

"အဟမ်း ဒီမှာ ထိုင်လို့ရလား" ရုတ်တရက် သူတို့ရဲ့စားပွဲကို ခေါက်ကာ ပြောလာသည့်သူကြောင့် ကင်ဆောင်းဟိုတို့လည်း ​မော့ကြည့်လိုက်တော့ မနက်ကတွေ့ခဲ့သည့်ကျောင်းဆရာဝန်မှန်း သိလိုက်ရသည်။ထိုကျောင်းဆရာဝန်ဟာလည်း ကင်ဆောင်းဟိုကိုသာ ကြည့်ပြီး ခွင့်တောင်းနေခြင်းဖြစ်သည်။ဘေးကနှစ်​ယောက်ကို မြင်သည့်ပုံမပေါ်ချေ၊

မင်ဟယ်ဂျွန်တစ်ယောက် ခုနကမှ အရှုပ်ထုပ်တစ်ယောက်ကို မောင်းထုတ်လိုက်ပြီးသော်လည်း နောက်ထပ်ရောက်လာသည့်သူကြောင့် စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်ချင်သည်။

Zhao Wen Xuan(System)Where stories live. Discover now