Arc-3 End(ဇိန်း နီကိုးလ်လက်စ်)

19.8K 2.3K 74
                                    

Zawgyi

ဇိန်းဟာ ဂဲလ်ရင်းနဲ့အခြားအဖွဲ့အစည်းခေါင်းဆောင်တွေကို ကြည့်လိုက်ပြီး သူအချက်အလက်တွေ ရေးဖွဲ့ထားသည့်စာရွက်များကို ဝေခိုင်းလိုက်ပြီး ပထမဆုံး စာမျက်နှာမှာတော့ ရေစွမ်းအား အခြေခံသည့် Queen အင်နိယားအကြောင်းဖြစ်သည်။

"ကျွန်တော်ရဲ့လေ့လာချက်အရတော့ ရေစွမ်းအား အခြေပြု Queen အင်နိယားကို မီးဓါတ်နဲ့ပဲ သတ်နိုင်လိမ့်မယ်...ဒါပေမယ့် ဒီအင်နိယားရဲ့ဘေးနားက ရေဘဝဲလက်လို စုပ်ခွက်တွေက သူရဲ့ခံစစ်ပဲ မီးစွမ်းအင်တွေကို စုပ်ယူသွားနိုင်တယ်...ဒီတော့ သူရဲ့အားနည်းချက်ဖြစ်တဲ့နေရာကို တိုက်ခိုက်နိုင်ဖို့က... သူရဲ့ဒီစုပ်ခွက်တွေကို အလုပ်မလုပ်နိုင်ဖို့ပဲ" လို့ ပြောလိုက်တော့ ဂျိုးတို့ဟာလည်း ဇိန်းပြောသည့်ဆိုလိုရင်းကို နားလည်ကြသည်၊သူတို့အနေနဲ့ ဒီရေဘဝဲလက်တံတွေ ပိုင်ဆိုင်ထားသည့် အင်နိယားများစွာကို တိုက်ခိုက်ဖူးတာကြောင့် ထိုစုပ်ခွက်တွေဟာ ဘယ်လောက်ခံစစ်ကောင်းလဲဆိုတာ သဘောပေါက် နားလည်ကြသည်ကိုး၊

"ဆရာဇိန်းက ဘယ်လိုတိုက်ခိုက်ဖို့ စဉ်းစားထားလဲ" လို့ တိုနီက ဝင်မေးလိုက်တော့ ဇိန်းဟာ တစ်ချက်ပြုံးလိုက်ပြီး...

"ကျွန်တော်စဉ်းစားမိတဲ့နည်းလမ်းက ပူးပေါင်းတိုက်ခိုက်မဲ့နည်းပဲ ကျွန်တော့်ရေခဲစွမ်းအားနဲ့ ထိုရေဘဝဲအင်နိယားရဲ့လက်တံတွေကို ၁၅စက္ကန့်ထိန်းချုပ်ပေးနိုင်တယ်... အဲ့ချိန်မှာ ဆရာတိုနီတို့ မီးအဖွဲ့အစည်းက အဆင့် 8အထက် မီးစွမ်းအားအသုံးပြုသည့်သူတွေက ရေဘဝဲအင်နိယားအကောင်ကြီးရဲ့ခေါင်းကို တိုက်ခိုက်ပေးပါ...ရေဘဝဲသဘာဝအရဆိုရင် သူတို့မှာခုခံနိုင်စွမ်းလျော့နည်းလာချိန်မှာ သူတို့ရဲ့နောက်ဆုံးခုခံစွမ်းအားဖြစ်တဲ့ အနက်ရောင်အငွေ့တွေ ထုတ်ကာ တိုက်ခိုက်ခြင်းပဲ...သူရဲ့အောက်ခြေကနေ ပါးစပ်ပေါ်ပေါက်လာသည်နဲ့ ဆရာဂျေးတို့အဖွဲ့က ချွန်ထက်တဲ့သံချောင်းတွေအသုံးပြုပြီး လေဒီဂျီအာတို့အဖွဲ့က အရှိန်နဲ့ဝင်ထိုးဖောက်နိင်ဖို့ ဆရာဂျေးတို့အဖွဲ့ကို ကူညီပေးပါ..." လို့ ပြောလိုက်တော့ ဂျေးတို့အဖွဲ့လည်း ဇိန်းရဲ့အရည်အချင်းကို ပိုမိုအသိမှတ်ပြုရင်းပြုနေမိသည်၊ဒါလုံးဝကို အားနည်းချက်မရှိဘူး၊

Zhao Wen Xuan(System)Where stories live. Discover now