Arc.9.8(My wife doesn't love me)

12.7K 1.9K 71
                                    


Zawgyi

ထိုလိုနဲ့ ကြယ်ငါးပွင့်ဟိုတယ်အရှေ့မှာ Audi A8L ဇိမ်ခံကားတစ်စီးဟာ ထိုးရပ်သွားပြီး ကားထဲကနေ အသက် ခြောက်ဆယ်ကျော် လူကြီးတစ်ယောက်နဲ့ အသက်၃၀လောက်ရှိမဲ့ လူရွယ်တစ်ယောက်ဟာ ထွက်လာပြီး ပါတီကျင်းပသည့် ခန်းမအဆောင်ထဲဝင်လာတော့သည်၊ပါတီအဝရောက်တော့ လူကြီးဟာ ဖုန်းကို ထုတ်လိုက်ပြီး...နံပါတ်တစ်ခုကို ဆက်လိုက်ကာ...

"မစ္စတာဟန်... ဦးတို့ ပါတီအဝမှာရောက်နေပြီ"

"...."

"ကောင်းပြီ" လို့ ပြောလိုက်ရင်း စက္ကန့်အနည်းငယ်အကြာမှာတော့ အဖြူရောင်အနောက်တိုင်းဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူတို့ဆီရောက်လာသည့် လူငယ်လေးလို့ တွေ့လိုက်ရတော့ လူကြီးဟာ ...လက်ထောင်ပြလိုက်ပြီး

"မစ္စတာဟန်"လို့ ခေါ်လိုက်တော့ လူငယ်လေးဟာ ချိုမြိန်သောအပြုံးလေးများဖြင့် ပြုံးလိုက်ပြီး....

"ဆရာဂျိန်းမတ်စ်လား... "လို့ ပြောလိုက်ပြီး ပါတီခန်းမဝရှိ လုံခြုံရေးက "သူတို့က ငါ့မိတ်ဆွေတွေ"လို့ပြောလိုက်တော့ ပါတီအတွင်း ဖြစ်ပျက်နေသည့်အကြောင်းအရာများကို သိတာကြောင့် လုံခြုံရေးဟာ ပြာသလဲလဲ ခေါင်းတွေညိတ်လိုက်တော့သည်၊

ပိုင်လီရှန့်ဟာ ပိုင်ရန်ရှင်းရုတ်တရက်ထွက်သွားပြီး ပြန်ဝင်လာသည့်အချိန်မှာ ဧည့်သည်နှစ်ယောက်နဲ့ပြန်ဝင်လာသည်ကို တွေ့တော့ ပိုင်ရန်ရှင်းအနီးသွားတာ...လက်လေးကို လှမ်းဆွဲလိုက်ပြီး

"ရန်ရှင်း သူတိုက... ?"လို့ မေးလိုက်တော့ ပိုင်ရန်ရှင်း ပိုင်လီရှန့်လက်ထဲကနေ ရုန်းလိုက်ပြီး မျက်စောင်းထိုးကာ မကျေမနပ်ကြည့်လိုက်ပေမယ့် ပိုင်လီရှန့်ကတော့ ခပ်တည်တည်ဖြင့် လက်ကိုမလွတ်တမ်းကိုင်ထားဆဲပင်၊ လုပ်ငန်းရှင်အချို့ဟာ ဧည့်သည်နှစ်ယောက်ကို မြင်ဖူးသလိုကြည့်ရင်း... မှတ်မိသွားဟန်ဖြင့်...

"ဒါ ...ဒါ ထျန်းမိသားစုက ဆက်ခံသူ ထျန်းသိုက်မလား!"လို့ လုပ်ငန်းရှင်တစ်ဦးဟာ ပြောလိုက်ပြီး ...ထိုလူနှစ်ယောက်ရှေ့ရပ်ကာ...

"ကျွန်တော်က အလှကုန်ပစ္စည်းဖြန့်ဖြူးရေး ကုမ္ပဏီရဲ့C.E.Oရှပါ"လို့ မိတ်ဆက်လိုက်ပြီး လက်ကို လူငယ်ရှေ့ကိုကမ်းပေးသည့်အချိန်မှာ အကုန်လုံးဟာအနည်းငယ်တော့ အံ့အားသင့်မိသွားကြသည်၊သူတို့ထင်ခဲ့တာက လူငယ်ဘေးနားကသူကို ထျန်းသိုက်လို့ ထင်ခဲ့တာကိုး...၊ ဒီခေတ် လူငယ်တွေက ဒီလိုဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ထက်မြက်နေကျပြန်တာလား၊ ထျန်းသိုက်ဆိုတဲ့လူငယ်ဟာ နီညိုရောက်အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး သူရဲ့ရွှေရောင်ဆံပင်တွေကို နောက်ပြန်လှန်တင်ထားကာ စိမ်းပြာရောင်မျက်ဝန်းများဟာ ကန်ရေပြင်လိုတည်ငြိမ်နေပြီး... လေးထောင့်ဆန်သောမျက်နှာ၊နီညိုရောင်နူတ်ခမ်းပါးတစ်စုံဟာ မျဉ်းဖြောင့်လိုတန်းတန်းစေ့ထားပြီး မာနာကြီးသည့် ဟန်ပန်ဟာ...သူ့ဆီလွယ်လွယ်မကပ်ရဲရအောင် အနည်းငယ်တော့ရှိန်စေသည်၊

Zhao Wen Xuan(System)Where stories live. Discover now