Arc.8.3(Vampire ရဲ့ ကြင်ယာတော်)

13.4K 2.1K 107
                                    


Data/bill ပေးတဲ့သူများကို ကျေးဇူးတင်ပါတယ်ဗျ
အရေးအသားမသေသပ်ရင်တောင်းပန်ပါတယ်ဗျာ

Zawgyi

ခရစ်ချက်စ် သူခေါ်လာတဲ့လူသားကို ကြည့်ပြီး စိတ်ထဲတမျိုးတမည်ဖြစ်နေသည်၊မရာဒီရယ်က သူရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်ပြီး၊ မစ်လ် ကိုင်မိုဆိုစ်ဒီးယားကို ဒုက္ခပေးရန် သူဆီအကူညီတောင်းခံခဲ့ခြင်းဖြစ်သည်၊ Hunterတွေဟာ သူတို့ရဲ့ရန်သူဖြစ်တာကြောင့် မရာဒီရယ်တောင်းသော အကူအညီမှာ သူအတွက်မခက်ခဲပေ၊ထိုလူသားကို မမြင်ခင်ပေါ့၊ မရာဒီရယ်ဟာ ထိုလူသားကို မုန်းတီးစွာကြည့်နေတာကိုမြင်ထဲက ထိုလူသားဟာ မစ်လ်မှန်းသိသွားပြီးပြီဖြစ်သည်၊ဒါပေမယ့် သူစိတ်ထဲ ဒုက္ခပေးချင်တာထက် ကာကွယ်ပေးချင်စိတ်က ပိုကြီးမားနေသည်၊ဘာလို့ထိုသို့ ခံစားနေရမှန်းမသိပေ၊သူအချစ်နဲ့မထိတွေ့တာ နှစ်ပေါင်းသောင်းချီကြာနေပြီဖြစ်ပေမယ့် ပထမဆုံးမြင်မြင်ချင်းမှာပင် မစ်လ်ကို စိတ်ဝင်စားခဲ့သည်၊ ဒါကြောင့် မရာဒီရယ်ရဲ့အကူအညီအတိုင်း မစ်လ်ကို သူအနီးထားကာ ကာကွယ်စောင့်ရှောက်ရန်ဆုံးဖြတ်လိုက်တော့သည်၊

မစ်လ်ဟာ ခရစ်ချက်စ်ရဲ့ သူအပေါ်ထားတဲ့စိတ်ကို မသိပဲ၊ ခရစ်ချက်စ်တို့စုံတွဲကိုသာ အမြင်ကတ်နေသည်၊

အခုဆိုရင် နက်စ်တို့က ထွက်သွားပြီဖြစ်ကာ သူဟာ ထိုသောက်ကျင့်မကောင်းတဲ့Vampireကောင်နဲ့ကျန်ခဲ့ပြီ ဖြစ်သည်၊ဟက် ဒါတွေကလည်း မရာဒီရယ်လက်ချက်ဆိုတာ သူသိသည်၊အဲ့ဇာတ်လိုက်ကောင်က ပြန်ဝင်စားပြီးတော့လည်း ကိုယ့်ဘာသာအေးဆေးမနေချင်ဘူး၊ကြည့်ရတာ နက်စ်ကိုပါ မြူဆွယ်ချင်နေတာလား မသိဘူး၊ ငါ့ကို ခရစ်ချက်စ်မသတ်ခင် ဒီနေရာက ထွက်ပြေးရင်ကောင်းမလားလို့ တွေးနေတုန်း ခရစ်ချက်စ်ဟာ သူအခန်းထဲရောက်လာကာ

"မင်းက မစ်လ် ကိုင်မိုဆိုစ်ဒီယားလား" မစ်လ်ဟာ ခရစ်ချက်စ်ကို ကြည့်လိုက်တော့ သူဟာ အပြုံးသေးသေးလေးတစ်ခု တင်ထားကာ အေးစက်စက်မျက်ဝန်းစိမ်းများနဲ့သူကို စိုက်ကြည့်နေသည်၊ သူရဲ့ငွေရောင်ဆံပင်များကို နောက်လှန်တင်ထားပေမယ့် ဆံပင်အချို့ဟာ မျက်နှာပေါ်ကျနေဆဲဖြစ်သည်၊ ထိုလူရဲ့တင်းတင်းစေ့ထားပြီး ယောကျာ်းပီသတဲ့နူတ်ခမ်းပါး၊ Vပုံသဏ္ဍာန်မေးရိုး...တကယ် ချောတာပဲ၊သူကို ဇာတ်လိုက်မကြွေလည်းကြွေစရာပဲလေ၊

Zhao Wen Xuan(System)Where stories live. Discover now