Arc.10.1(စစ်သူကြီးပိုင်ကုဖန်း)

14.5K 1.7K 100
                                    

Happy birthday to me

Zawgyi

ကျောက်ဝမ်ရွှမ် မျက်ဝန်းများဖွင့်လာသည့်အချိန်မှာ ရှေးခေတ်ပုံစံ အသုံးအဆောင်များနဲ့ဖွဲ့စည်းထားသည့် အခန်းတစ်ခန်းကိုရောက်နေသည်ကို တွေ့လိုက်ရသည်၊သူဟာ အခန်းပတ်ဝန်းကျင်ကို လေ့လာရန် ထလိုက်ပေမယ့်...

"အ..." သူရဲ့ပခုံးနဲ့ ဗိုက်နားက သေမတတ်နာကျင်မှုကြောင့် ကျောက်ဝမ်ရွှမ်ရဲ့မျက်နှာဟာ အနည်းငယ်ရှုံ့မဲ့သွားပြီး နာကျင်သွားသည့် သူရဲ့ဗိုက်ကို ဖိရန်အလုပ်...သေးသွယ်တဲ့လက်လေးတစ်ဖက်ဟာ တားဆီးလာပြီး  အမျိုးသမီးငယ်လေးတစ်ယောက်ရဲ့အသံဟာ ထွက်လာတော့သည်၊

"အစ်ကိုဖန်း အဆင်ပြေရဲ့လား... အနာက မကျက်သေးတော့ သိပ်မလှုပ်နဲ့ဦး"လို့ စိုးရိမ်ပူပန်နေတဲ့ အသံလေးနဲ့ပြောလိုက်တော့ ကျောက်ဝမ်ရွှမ်လည်း မော့ကြည့်လာတော့ မျက်နှာဝိုင်းဝိုင်းလေးဟာ သူ့ကိုစိုးရိမ်ပူပန်စွာကြည့်နေသည်ကို တွေ့လိုက်ရသည်၊ ငါ ဘယ်ရောက်နေတာလဲ...

[Sky: ဝမ်ဝမ် မင်းသတိရလာပြီပေါ့... အရင်ကမ္ဘာကဖြစ်ခဲ့တာတွေက မင်းအပေါ်အကျိုးသက်ရောက်သွားပုံရတယ်... ဘဝနန်းတော်တောင် ပြန်မလာနိုင်ပဲ အခြားကမ္ဘာတစ်ခုကို ငါတို့ရောက်လာပုံထောက်ရင်] လို့ Skyဟာ သက်ပြင်းလေးချကာ စိတ်ပျက်လက်ပျက်ပြောလိုက်တော့... ကျောက်ဝမ်ရွှမ်ဟာ နားမလည်သည့် ပုံစံဖြင့်...

'အရင်ကမ္ဘာ... နတ်သူငယ်Sky ပြောတာ ကျွန်တော် နားမလည်ဘူး... လက်ရှိကမ္ဘာက ကျွန်တော့်ရဲ့ပထမဆုံး ကမ္ဘာမဟုတ်ဘူးလား...?' ယဉ်ယဉ်ကျေးကျေးလေးနဲ့ ပြန်ပြောကာ သူ့ကိုနားမလည်သလိုကြည့်နေသည့် ကျောက်ဝမ်ရွှမ်ကြောင့် Skyတစ်ယောက်

[Sky:...] <WTF???!!! ...ဝမ်ဝမ်က သူ့ချစ်သူကိုပဲ မေ့သွားတာမဟုတ်ဘူးဟ!!! အကုန်လုံးမေ့သွားတာ... ငါ့ကိုတောင် ယဉ်ယဉ်ကျေးကျေးပြောနေတယ် > skyတစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချကာ နောက်ဆုံး သူ့ခေါင်းသူနှိပ်နယ်သည့်အမူအရာလုပ်လိုက်ပြီး... အရှေ့ရှိ အမျိုးသမီးငယ်လေးကို ကြည့်ကာ ဘာလုပ်ရဘာကိုင်ရဖြစ်နေသည့် ဝမ်ဝမ်ကြောင့်...

[Sky: မှတ်ဥာဏ်တွေ ထည့်သွင်းမည်] ဟု ဘေးက နတ်သူငယ်skyရဲ့အသံနဲ့အတူ များစွာသောမှတ်ဥာဏ်တွေဟာ သူ့ဆီ စီးဝင်လာတော့သည်...။

Zhao Wen Xuan(System)Where stories live. Discover now