Arc-12.6(Little Lover)

4.6K 672 28
                                    

Zawgyi

ဝမ်ချင်ရှန် အိပ်ယာကနေ နိုးလာချိန်မှာ မနေ့ညက သူ့ကို တစ်ညလုံးဖက်အိပ်ခဲ့တဲ့ကျန်းလော့ကို မတွေ့ရတော့ပေ၊အခုထိ သူဟာ ကျန်းလော့ရဲ့ယာဉ်ထဲမှာ ရှိနေသေးပေမယ့် အခန်းတွင်း ဘယ်သူကိုမွ မတွေ့ရပေ၊

ဝမ်ချင်ရှန် အနည်းငယ်စိတ်ဆိုးသွားတော့သည်၊ဒါကြောင့် ထလိုက်ပြီး ခုံပေါ်ကို ကြည့်လိုက်တော့ ကျောင်းဝတ်စုံနဲ့စာရွက်တစ်ရွက်တင်ထားတာကို တွေ့လိုက်ရသည်၊စာထဲမှာတော့ တောင်းပန်ကြောင်းနဲ့မနက်စာစားရန်မှာထားသည်၊ဝမ်ချင်ရှန်ဟာ ကျောင်းဝတ်စုံကို ဝတ်ဆင်လိုက်ပြီး စားပွဲခုံမှာ ထိုင်လိုက်တော့ ကျန်းလော့ရဲ့AIဟာ ရောက်လာပြီး သူ့ကို မနက်စာချပေးလာတော့သည်၊ပထမက စိတ်ဆိုးနေပေမယ့် မနက်စာဟာ သူ့အကြိုက်မြင်လိုက်ချိန်မှာ စိတ်များလျော့သွားတော့သည်၊

ဝမ်ချင်ရှန်ဟာ Green Tea ကိတ်ကို ဖဲ့ကာ စားလိုက်သည်၊နည်းပညာမြင့်မားလာတာကြောင့် အရသာဟာ ပိုမိုထူးကဲနေတော့သည်၊ခါးသက်ပြီးချိုမြိန်တဲ့အရသာဟာ သူ့အကြိုက်ပေ၊ထိုနောက်မှာတော့ ကော်ဖီခွက်ကို ပင့်မလိုက်ပြီး ရနံ့သင်းသင်းလေးကို အနံ့ခံလိုက်တော့သည်၊ကော်ဖီအနံ့ဟာ သူရဲ့စိတ်ကို ကြည်လင်သွားတော့သည်၊လျှာပေါ်က ခါးသက်သက်အရသာဟာလည်း အနေတော်ဖြစ်ပြီး ဝမ်ချင်ရှန်ဟာ နူတ်ခမ်းများပင့်တက်သွားတဲ့အထိ ပြုံးသွားတော့သည်၊

ဝမ်ချင်ရှန် မနက်စာကို စားသောက်ပြီးနောက်မှာ သူရဲ့ယာဉ်ကိုခေါ်လိုက်ပြီး ကျန်းလော့ရဲ့ယာဉ်ကနေထွက်သွားတော့သည်၊တကယ်လို့ ကျောင်းကို ကျန်းလော့နဲ့ယာဉ်ပျံဖြင့် သွားမိလို့ကတော့ ပွက်လောရိုက်သွားနိုင်သည်မလား၊

ဒါပေမယ့် ကျောင်းကို ဝမ်ချင်ရှန်ရောက်တော့ သူ့ကို ကြည့်နေတာ မြင်လိုက်ရပြီး သူပင် အနည်းငယ်စိုးရိမ်သွားတော့သည်၊သူရဲ့မျက်လုံးကို စစ်ဆေးလိုက်တော့ အဝါရောင်ဖြစ်နေသေးတာကို တွေ့လိုက်ရပြီး သက်ပြင်းချနိုင်တော့သည်၊ထိုနောက်မှာတော့ ဘာတွေဖြစ်နေလဲ သိရအောင် အွန်လိုင်းမှာ စုံစမ်းကြည့်လိုက်ချိန်မှာ မနေ့က ကိစ္စမှန်းသိလိုက်ရသည်၊

Zhao Wen Xuan(System)Where stories live. Discover now