Arc-12.3(Little Lover)

3.5K 593 9
                                    

Zawgyi

ဝမ်ချင်ရှန် သူ့ကို လိုက်ပို့ဆောင်ပေးတဲ့နန်းရိရုံကို ကျေးဇူးတင်လိုက်တော့သည်၊နန်းရိရုံကလည်း သူ့ကို ဆယ်သွယ်လို့ရမည့်လိုင်းနံပါတ်တောင်းသွားပြီးနောက်မှာ ထွက်သွားတော့သည်၊

ဝမ်ချင်ရှန် ကျောင်းအပ်ရတာ လွယ်ကူလှပြီး မထင်မှတ်ထားစရာဖြစ်သွားခဲ့သည်၊ကျောင်းသားတွေကို စီစဉ်စစ်ဆေးပေးတဲ့ဆရာဟာ ကျစ်ယန်မျိုးနွယ်က ကျားသားရဲတစ်ကောင်ဖြစ်ပြီး တော်ဝင်ကျစ်ယန်ကို သစ္စာခံထားတဲ့ကျစ်ယန်မျိုးနွယ်ဖြစ်သည်၊

ဒါကြောင့် ထိုဆရာဟာ ဝမ်ချင်ရှန်ရဲ့အချက်အလက်တွေမြင်တော့ အံ့အားသင့်သွားပြီး မျက်နှာအမူအရာဟာ စိုးရိမ်ပူပန်သွားတော့သည်၊မန်မျိုးနွယ်ထွက်သွားတည်းက ကျစ်ယန်မျိုးနွယ်ရဲ့ကံကောင်းမှုဟာ ကျဆင်းသွားခဲ့သည်၊ကျစ်ယန်မျိုးနွယ်တိုင်းအတွက် မန်ဟာ ကံကောင်းခြင်းပြရုပ်ပင်၊

ဒါကြောင့် ယခုလို မန်မျိုးနွယ်ပေါ်ထွက်လာချိန်မှာ မအံ့သြဘဲမနေနိုင်ပေ၊ဒါပေမယ့် အစောင့်အရှောက်မျိုးနွယ်မှာ ကျစ်ယန်ဟု ရေးထားတာမြင်တော့ ထိုဆရာရဲ့ပူပန်မှု အနည်းငယ်လျော့ကျသွားတော့သည်၊ဒီကိစ္စကို ကျစ်ယန်မျိုးနွယ်စုဘုရင်ကို တင်ပြရလိမ့်မည်၊

"ကျောင်းသားဝမ်... မင်းရဲ့အချက်အလက်တွေ သေချာထိန်းသိမ်းဖို့ မမေ့နဲ့ တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို ဘာမျိုးနွယ်လဲမေးရင် ကျီငှက်မျိုးစိတ်သားရဲလို့ ဖြေလိုက်ကြားလား၊ မင်းက အရွယ်မရောက်သေးတာကြောင့် ပျံနိုင်စွမ်းရည်မရှိသေးဘူး ဒါကြောင့် သူတို့က မင်းအပေါ်သံသယဝင်လိမ့်မယ် မထင်ဘူး နားလည်လား" သူ့ကို သတိပေးနေတဲ့ဆရာကို ဝမ်ချင်ရှန်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်၊ကျီငှက်သားရဲနဲ့မန်တွေဟာ တင်တူလှသည်၊ဒါပေမယ့် စိမ်းညှိရောင်မျက်ဝန်းတောက်တောက်လေးတွေကို ဘယ်လိုဖုံးကွယ်ရမည်လဲ၊

"မင်းရဲ့မျက်လုံးအရောင်ကို... " ဆရာဟာ သူရဲ့အိတ်ကပ်ထဲက ဆေးပုလင်းကို ထုတ်လိုက်သည်၊ထိုဆေးနဲ့ပတ်သတ်ပြီးလည်း ရှင်းပြလာတော့သည်၊မျက်လုံးကာလာပြောင်းလဲဆေးအသုံးပြုချိန်မှာ ငိုလို့မဖြစ်ပေ၊ရှင်းရှင်းပြေရရင် အငန်ဓာတ်နဲ့ထိရင် အရောင်ပြန်ပယ်သွားတတ်သည်၊ဒါပေမယ့် မည်သည့်ဆိုးကျိုးမှ မရှိတာကြောင့် စိတ်ချလက်ချနဲ့အသုံးပြုနိုင်သည်၊

Zhao Wen Xuan(System)Where stories live. Discover now