Arc-11.15(Hyung...I love you)

4.8K 759 34
                                    

Zawgyi

စားပွဲထိုးနောက်ကို လီထယ်ယွန်းလိုက်သွားပေမယ့် အေးဆေးတည်ငြိမ်စွာပင် ခန်းမ​ထောင့်စွန်းမှာ ရပ်နေသည့်ပတ်မင်ဆော့ကို တစ်ချက်စွေကြည့်ပြီး အရှေ့ပြန်လှည့်သွားကာ နူတ်ခမ်းများကော့နေကာ ပြုံးလိုက်သည်၊

စားပွဲထိုးခေါ်သွားသည့်နေရာဟာ ပါတီပွဲရဲ့အနောက်ဘက်ခြမ်းဖြစ်ပြီး လူသူခြေတိတ်ကာ အမှောင်ဘက်ကျသည်။လီထယ်ယွန်းဟာ သံသယဝင်နေသည့်အမူအရာဖြင့် စားပွဲထိုးအား ကြည့်လိုက်ပြီး

"မင်းပြောတဲ့ရန်ပွဲက ဘယ်မှာလဲ" မေးလိုက်တော့ စားပွဲထိုးဟာ တစ်ခြားဘက်ကို ထွက်ပြေးသွားတော့သည်၊

"ဟေ့လူ!" လီထယ်ယွန်းဟာ စားပွဲထိုးထွက်သွားသည့်ဘက်ကို လိုက်ချင်သော်လည်း ရှေ့ကနေ ပိတ်ကာရပ်လာသည့်လူတစ်စု​ကြောင့် သူ့ခြေလှမ်း​တွေကို ရပ်တန့်လိုက်တော့သည်။

"ဒါက မင်းပြောတဲ့တစ်ယောက်က သူလား" ထိုထဲက အရုပ်မြင့်မြင့်နဲ့သာမန်ရုပ်ရည်ရှိတဲ့လူငယ်ဟာ သူ့ဘေးနားကလူငယ်ကိုမေးလိုက်တော့သည်။

"ဟုတ်တယ်" ထိုလူငယ်အသံထွက်လာတာကြောင့် လီထယ်ယွန်းရဲ့အကြည့်တွေဟာ ထိုလူငယ်ဆီ​ရောက်လာပြီးနောက် အံ့အားသင့်သွားတော့သည်။

"ဝူဂျင်ယောင်း"

"လီထယ်ယွန်း မင်းကို ရွေးချယ်စရာပေးမယ်"

"ဟမ်" လီထယ်ယွန်းဟာ ဝူဂျင်ယောင်းပြောသည့်စကားကို နားမလည်းဟန် ပြန်တုန့်ပြန်လိုက်သည်။ဝူဂျင်ယောင်းဟာ မောက်မာစွာပြုံးလိုက်ပြီး သူဟာ ဘေးကလူရဲ့ဘောင်းဘီအိတ်ကပ်ထဲကနေ ဓားတစ်ချောင်းထုတ်ကာ လီထယ်ယွန်းမြင်သာအောင်ပြလိုက်သည်။

"မင်းနားလည်အောင် ငါရှင်းရှင်းပြောရရင် ဆောင်းဟိုနဲ့လမ်းခွဲလိုက်ပါ လီထယ်ယွန်း တစ်ကယ်လို့ ငါပြောတာကို မင်းငြင်းပယ်မယ်ဆိုရင် ဒီဓားက မင်းအတွက်ဖြစ်သွားလိမ့်မယ်"

ဝူဂျင်ယောင်းစကားကြောင့် လီထယ်ယွန်းရဲ့အမူအရာဟာ ခပ်တင်းတင်းဖြစ်သွားကာ

"မင်းက လီအိမ်တော်ကသားကို ခြိမ်းခြောက်းနေတာလား" လို့မေးလိုက်တော့ ဝူဂျင်ယောင်းဟာ ဂရုမစိုက်သည့်ပုံစံဖြင့် ပခုံးတွန့်လိုက်ပြီး ရယ်မောကာ ပြောလာတော့သည်။

Zhao Wen Xuan(System)Where stories live. Discover now