Arc.6.5(Shunosuke Tadashi)

18K 2.2K 60
                                    

အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်

Zawgyi

"စီနီယာ Kinose "
စီနီယာက သူကို ထိတဲ့သူတွေကို အပြစ်ပေးတော့မှာပဲ
Natsukiဟာ Tadashiဘက်ကို ကြည့်ရင်း 'Tadashi ငါ့လက်တွေ ညစ်ပတ်စရာမလိုတော့ဘူး စီနီယာKinoseက သူလူကို ထိတာနဲ့ ရေမြေဆုံးထိ လိုက်မှာပဲ' ဘဝင်မြှင့်နေတဲ့ အပြုံးနဲ့ ပြုံးလိုက်ပြီး Kinoseဘက်ကိုလှည့်လိုက်တော့ ချက်ချင်းဖြူစင်ရိုးသားတဲ့ပုံစံလေးပြောင်းသွားကာ

"စီနီယာ Kinose ဒီကိစ္စကို စိတ်မပူပါနဲ့ Tadashiက Akihiko မိသားစုက နှင်ထုတ်ခံလိုက်ရတော့ ကျွန်တော်ကို အနည်းငယ်မနာလိုဖြစ်ပြီး ဒုက္ခပေးမိတာပါ ဒါကြောင့် ကျွန်တော့်မျက်နှာကို ထောက်ထားပြီး Tadashiကို သိပ်ဒုက္ခမပေးပါနဲ့နော်"

Kinoseဟာ သူရဲ့mateလေးဘေးနားက ကောင်ကို မကျေနပ်ကြည့်နေရင်း ဘေးနားကနေ ဘာတွေလာပြောမှန်း မသိတဲ့ Natsukiကြောင့် မျက်မှောင်ကြုတ်သွားတော့သည်၊ သူရဲ့mateလေးအကြောင်းပါနေတာကြောင့် နားထောင်နေပေမယ့်....

'ငါက ငါရဲ့mateကို ဘာလို့ ဒုက္ခ ပေးရမှာလဲ???? မင်းမျက်နှာကိုကော ဘာကြောင့်ထောက်ထားရမှာလဲ? ဒီတယောက် ဘာတွေလာပြောနေတာလဲဟ'

"Tadashiက အခြားomegaတယောက်ကို Rapeဖို့ထိ လုပ်ခဲ့ပေမယ့် ကံကောင်းလို့ အကူညီအမြန်ရောက်လာတာလေ....ပြီးတော့ ဟင့်...ကျွန်တော်ကိုလည်း အမြဲအနိုင်ကျင့်တယ် သူက သုကိုယ်သူ Akihiko မိသားစုရဲ့ဆက်ခံသူလို့ သတ်မှတ်ပြီး အမြဲ မောက်မာနေတာ တနေ့ အမေက ကျွန်တော်ကို နှိပ်စက်နေတာကို မြင်ပြီး အဖေကိုပြောလိုက်လို့ အဖေက မောင်းထုတ်လိုက်တာလေ...." Natsukiဟာ Tadashiပေါ် စီနီယာပိုစိတ်ပျက်သွားအောင် မဟုတ်တာတွေ လျှောက်ပြောတော့သည်၊Natsukiသာ Tadashiတို့မောင်နှမပေါ် အမျိုးအမျိုးအနိုင်ကျင့်ခဲ့တာလေ၊ ဒါကို ဆန့်ကျင်ဘက်တွေ ပြောပြလိုက်တော့သည်၊ Kinoseရဲ့ သတ်ဖြတ်ချင်နေတဲ့အရှိန်အဝါများကြောင့် Natsukiဟာ သူလုပ်ရပ်မှန်သွားတယ်လို့ ထင်သွားတော့သည်၊ ဒါပေမယ့် Alpha ဖိအားကြောင့် သူလည်း ဒီမှာ ဆက်နေရင် မသင့်တော်တော့တာကြောင့် Kinoseကို နူတ်ဆက်ကာ ထွက်ပြေးသွားတော့သည်၊ မသိရင် စိတ်ထိခိုက်လွန်းလို့ ထွက်ပြေးသွားတဲ့ပုံပေါ့၊

Zhao Wen Xuan(System)Where stories live. Discover now