Arc.9.6(My wife doesn't love me)

12.5K 2K 109
                                    

ငါ့ဇနီးက ငါ့ကိုမချစ်ဘူး

Zawgyi

ကြယ်ငါးပွင့်ဟိုတယ်လို့ပြောစရာမလိုအောင် ပါတီဟာ အတွင်းပြင်ဆင်မှုဟာ တကယ်ကို ခမ်းနားလှပစွာ တန်ဆာဆင်ထားပြီး မျက်စိပသာဒ ဖြစ်လွန်းသည်၊ပါတီအတွင်းတွေလည်း ပွဲတတ်ဝတ်စုံများနဲ့ အမျိုးသား၊အမျိုးသမီးများဟာ ရောင်စုံဒေါင်းများလို လှပတင့်တယ်နေကြသည်၊ အဓိကက ထိုလူများဟာအချင်းချင်းပြိုင်ဆိုင်နေကြပြီး ထက်မြက်သော သူတို့သားသမီးများကိုလည်း ပွဲထုတ်ပြီး ဂုဏ်တတ်အောင်ကြိုးစားနေကြသည်၊

ထိုချိန်မှာ စုံတွဲတစ်တွဲဟာ ပါတီထဲဝင်လာသည့်အချိန်မှာတော့ လူတော်တော်များများရဲ့အကြည့်များဟာ ထိုစုံတွဲပေါ်ရောက်ရှိလာကာ...

"C.E.Oပိုင်မလား... သူလည်း ပွဲတတ်တယ်ပေါ့ "လို့ အမျိုးသားကြီးဟာ တအံ့တသြပြောလိုက်ပြီး ချက်ချင်းထိုစုံတွဲရှေ့ကို သွားကာ မိတ်ဆက်ရန်ကြိုးစားကြတော့သည်၊ ဘေးနားကလူတွေလည်း ထိုနီးတူစွာပင်၊

"C.E.Oပိုင်ရဲ့ဘေးနားက ဘယ်သူလဲ မသိဘူး"လို့ အမျိုးသမီးလေးများဟာ ထိုလူငယ်လေးအား ကြည့်ရင်းမနာလိုအူတိုမိနေကြတော့သည်၊C.E.O ပိုင်ဟာ ငယ်ရွယ်ပြီးထက်မြက်ကာ ရုပ်ရည်ဟာလည်း အပြစ်မြင်စရာမလိုအောင်ပင် ခန့်ညားသေးသည်၊အိမ်ထောင်မရှိတဲ့လူလွတ်တစ်ယောက်လည်း ဖြစ်တာကြောင့် သူတို့ရဲ့မင်းသားလေးအဖြစ် သတ်မှတ်ထားကြတာကိုး၊

"မုရှင်းရုံလည်း မဟုတ်ဘူး... C.E.Oပိုင်က အသစ်ပြောင်းကြိုက်သွားတာလား... အဲ့ဆိုရင် ငါတို့အတွက်လည်း အခွင့်အရေးရှိနိုင်မယ်ထင်တယ်နော်"လို့ သူတို့ထင်တာတွေကို ပြောကာ ပိုင်လီရှန့်ကို လိုချင်တပ်မက်သည့်မျက်ဝန်းများဖြင့် ကြည့်နေကြတော့သည်၊အချို့ဆိုရင် ပေါ်တင်ကာ မြူဆွယ်ဖြားယောင်းနေကြတော့သည်၊

"C.E.Oပိုင်လည်း ဒီပွဲကို လာတယ်ပေါ့... "လို့ လူကြီးဟာ လက်တစ်ဖက်ကမ်းကာ နူတ်ဆက်လိုက်တော့ ပိုင်လီရှန့်ဟာ အပြုံးတစ်ချက်ဖြင့်သာ ပြန်လည်နူတ်ဆက်လိုက်ပြီး သူ့ဘေးရှိ ပိုင်ရန်ရှင်း အဆင်ပြေလားမပြေလားကိုသာ ကြည့်နေတော့သည်၊ လူတွေအုပ်လာသည့်အချိန်မှာတော့ ပိုင်ရန်ရှင်းရဲ့မျက်နှာလေးဟာ ဆူပုပ်လာတာကို မြင်တော့ ပိုင်လီရှန့်ဟာ

Zhao Wen Xuan(System)Where stories live. Discover now