Arc1.5(ဖန်ယင်ယွဲ့ရဲ့ဘဝ)

26.9K 2.6K 253
                                    

Zawgyi

"Sky ဒုတိယဇာတ်လိုက်က ထူးဆန်းတယ်"ဟာ ကျန်းကျန့်ထွက်သွားတော့ လေပေါ်မှာပျံဝဲနေသည့် Skyကို ပြောလိုက်တော့ Skyဟာ သူ့အနီးပျံသန်းလာပြီး

[Sky:ဘယ်လို ထူးဆန်းတာလဲ]

"မပြောတတ်ဘူး...ဒါပေမယ့် သူကြည့်ရတာ... ဒီကမ္ဘာက ပေမယ့် ဒီကမ္ဘာက လို့ မခံစားရဘူး" ကျန်းကျန့်သိုက်က ထူးဆန်းတယ် သူ့ရဲ့အရှိန်အဝါတွေက ဒီကမ္ဘာနဲ့မသက်ဆိုင်သလို ယင်ယွဲ့စိတ်ထဲခံစားနေရသည်၊

[Sky:ဟုတ်လား] <မဆိုးဘူး ဝမ်ဝမ်က အချစ်ရေးမှာပဲ ညံတာ ကျန်တဲ့နေရာတွေမှာ အနည်းငယ် ထူးချွန်တာပဲ ]
"ငါ မသိဘူး ငါစိတ်ထင်တာပဲ နေမှာပါ" သူ ထင်ရင်လွဲခဲတယ်ဆိုသည့် စကားကိုတော့Skyကို မပြောမိလိုက်ဘူး

[Sky:ဇာတ်လိုက်မက သူရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ဆက်သွယ်နေပြီ]လို့ Skyဟာ သူကို ပြောလိုက်တော့ ယင်ယွဲ့က စိတ်မဝင်စားသည့် မျက်နှာလေးဖြင့်

"ဒါပေါ့ သူအမြန် ဆက်သွယ်မှာပဲလေ၊ နောက်ဆုံး သက်သေကို ငါလက်ဦးရယူထားရမယ်..."လို့ ပြောလိုက်ရင်း ကျန်းကျန့်သိုက်ရဲ့ အကြောင်းကိုတွေးတောမိပြန်သည်၊ သူ့စိတ်ထဲ ထူးဆန်းတဲ့ခံစားချက်လေးဖြတ်သန်းသွားပေမယ့် ဒါ ယုံကြည်မှုကြောင့်လို့သာ တွေးတောလိုက်သည်၊

"Sky မင်း ငါ့ကို ဘာလို့ သက်သာအောင် ဘာလို့ မလုပ်ပေးသေးတာလဲ" သူရဲ့ဗိုက်လေးကို ဖိကာ နာကျင်နေသေးသည့်မျက်နှာလေးဖြင့် Skyများသနားမလားဆိုပြီး အသံကိုပင် သနားသမားလေးလုပ်ကာပြောလိုက်ပေမယ့်...အကိုတော် Skyဟာ

[Sky:50points]လို့ ရက်ရက်စက်စက် ပြောထွက်ရက်သည်၊

"ဘာ!! မင်းပြောတော့ 10pointsဆို..အခု ဘာလို့ ငါးဆ တတ်သွားတာလဲ" မကျေမနပ်ရေရွတ်ကာ ပြောဆိုရင်း မကြည်ကြည့်တချက်ကြည့်လိုက်တော့ Sky

[Sky:မကျေနပ်ရင် မကုနဲ့လေ ဒီဆေးရုံမှာပဲ နေလေ] တဲ့

ဖန်ယင်ယွဲ့  လေပေါ်တွင် သူကို ပြုံးပြုံးကြီး ကြည့်နေသော Skyရဲ့ မျက်နှာကို ဘေးနားရှိ ပန်းအိုးနဲ့ ပစ်ပေါက်ချင်သည့် စိတ်ကို ချိုးနိမ့်ကာ

"ကောင်းပြီ...ကောင်းပြီ မင်း နောက်တခါ ဈေးတတ်လို့ကတော့ မင်းဆီကနေ ယူ မသုံးတော့ဘူး"

Zhao Wen Xuan(System)Where stories live. Discover now