Arc.3.3(ဇိန်း နီကိုးလ်လက်စ်)

18.9K 2K 28
                                    

Zawgyi

သူတို့ဟာ စား​သောက်ပြီးသည်နှင့် ​မြေပြင်​ပေါ်တွင် ဘာမှလုပ်စရာမရှိတာ​ကြောင့် အစီအစဉ်အတိုင်း မြေအောက်ကမ္ဘာဘက်ကို ထွက်လာကြ​တော့သည်၊အရင်ကဆိုရင် အင်နိယားတွေရဲ့ရန်ကို ကြောက်ရပေမယ့် ဇိန်းတစ်ယောက်လုံးပါနေသည်ကြောင့် အရင်ကလောက်မကြောက်လန့်ကြတော့ပဲ ပတ်ဝန်းကျင်ကို သတိကပ်ရုံသာ သွားလာကြတော့သည်၊ ဒါပေမယ့် အင်နိယားတွေ လွမ်းမိုးနေသော ဒီမြေပြင်ဟာ အမြဲအန္တရာယ်တွေနဲ့ ပြည့်နှက်နေတာတတ်သည်၊အခုလည်းဇိန်းရဲ့ခြေလှမ်းများဟာ ရပ်တန့်သွားသည်နဲ့ လက်စ်တို့ပါ ရပ်သွားကာ ပတ်ဝန်းကျင်ကို အာရုံစိုက်ရင်း

"ဇိန်း ဘာရှိလို့လဲ" လို့မေးလိုက်တော့ ဇိန်းဟာ မြောက်ဘက်ကို ကြည့်ကာ လက်ညှိုးထိုးလိုက်ပြီး

"အဲ့ဘက်မှာ အင်နိယားတော်တော်များများကို အာရုံခံမိတယ်"လို့ ပြောလိုက်တော့ သူတို့တွေ ထိတ်လန့်သွားကာ လက်စ်ဟာ

"ဘာ!!အဲ့တာဆို ကျွန်တော်တို့ ပြန်လှည့်မလား..." လို့ မေးလိုက်တော့ ဇိန်းဟာ

"လူအချို့နဲ့ တိုက်ခိုက်နေတယ်" လို့ ပြန်ဖြေလိုက်ရင်း မင်းတို့ဘာဆက်လုပ်မလဲ အကြည့်ဖြင့် ကြည့်ကာမေးလာတော့သည်၊အငယ်ဆုံးလေး အသွက်လက်ဆုံးလေးအိုင်းရှဟာ တွေဝေမှုမရှိစွာဖြင့်

"အိုင်းရှတို့ သွား ကူညီရအောင်... "လို့ ပြောလိုက်ပေမယ့် ကယ်လီဟာ ခေါင်းခါကာ

"ငါတို့က စွမ်းအင်နိမ့်တယ် သွားကူလည်း ဘာမှထူးမှာမဟုတ်ဘူး ဇိန်းအတွက် ပိုဝန်လေးလိမ့်မယ်..."လို့ ပြောလိုက်​တော့ ကယ်လီစကားဟာ မှန်ကန်တာ​ကြောင့် သူတို့မှာ ပြန်လည်တိတ်ဆိတ်သွား​တော့သည်သူတို့ဟာ အဆင့်နိမ့်သေးတဲ့အပြင် သွားကူညီပါက သူတို့ပင် အသက်သေသွားနိုင်သည်၊

"အခြေအနေ သွားကြည့်ရအောင်...ကူညီနိုင်ရင် ကူညီတာပေါ့" ဇိန်းဟာလည်း တဖက်ရှိအင်နိယားတွေဟာ လက်စ်တို့ထက် ပိုစွမ်းသည်ကို သိသော်လည်း အကြောက်တရားတွေကို သူတို့သေဆုံးသွားတဲ့အထိ မတွယ်ကပ်စေချင်တာကြောင့်ဖြစ်သည့်အပြင် တဖက်လူသားအဖွဲ့ဟာလည်း လက်စ်တို့နဲ့သိနေတာကြောင့် သွားရန်ဆုံးဖြတ်လိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now