Arc.7.5(နတ်ဆိုးဘုရင်အက်တာ)

15.4K 1.9K 84
                                    

အရေးအသားမသေသပ်ရင် တောင်းပန်ပါတယ်

Zawgyi

ဝမ်ဝမ်တယောက် ဥာဏ်သုံးကာ လန်ဒရီကို သူချစ်သူလားစမ်းသပ်ခဲ့ပေမယ့် သူချစ်သူမဟုတ်ကြောင်း သိလိုက်ရတော့ အရမ်းကိုစိတ်ပျက်သွားပြီး ဇာတ်လိုက် သူအပေါ် ပြန်မကြိုက်အောင် ကြိုပိတ်ရန် တွေးလိုက်ပေမယ့် ခါးကနေ အချီခံလိုက်ရတာ အနက်ရောက်သံကြပ်ကာ ပုခုံးပေါ်ကို စက္ကန့်အပိုင်းအတွင်း ရောက်ရှိသွားတော့သည်၊ ပြီးတော့.... ဟုတ်ပြီ ဒီနေရာကို သူမသိဘူး...ဒါဘယ်နေရာကြီးလဲဟ....ဘာကြောင့်လဲဆိုတော့ အနက်ရောင်ကွင်းကြီးပေါ်လာပြီး ဇန်နီးယားက သူကိုခေါ်ပြီးဝင်သွားခြင်းကြောင့်ဖြစ်သည်၊ ဒုတိယဇာတ်လိုက်ကကော ဘာထဖြစ်တာလဲ!

[Sky:အဲ့တာ ကိုယ်ပိုင်နယ်မြေလေ]

'ဘာလို့ ငါ့မှတ်ဥာဏ်ထဲမှာကျတော့မရှိရတာလဲ'

[Sky: ဘာလို့လဲဆိုတော့......အက်တာဆိုတဲ့ တယောက်က ကပ်စေးနဲ ငမွဲတယောက်မို့လို့]

အက်တာ: .....

အခုလောလောဆယ် နယ်မြေကိစ္စက နောက်၊ ဒီဇန်နီးယားကိစ္စကို အရင်ဖြေရှင်းရမယ်!တော်ကြာ ငါ့ကိုသတ်လိုက်မှဖြစ်...

[Sky: မှန်တယ် တော်ကြာ လင်မရပဲ သေနေမယ်]

"ဇန်နီးယား ငါ့ကိုအခုချပေး!"ဇန်နီးယားရဲ့ ပုခုံးပေါ်မှာ ရုန်းကန်နေပြီး ခြေထောက်ကော လက်ကော လှုပ်ရှားနေကာ...မသိရင် ငါးတကောင်ကုန်းပေါ်မှာ လူးလိမ့်နေသလိုပင်၊

"မင်းကို ငါ....ငါ....ထိုးပစ်မှာနော်"

"ဟေး ဇန်နီးယား ကြားလား!!!"

ပိုးစိုးပက်စက်ပြောချင်သော်လည်း ဒေါသထွက်ပြီး သူကိုသတ်သွားမှာလည်းကြောက်ရသေးတယ်၊ သူ့မှာ စကားလုံးတွေရွေးသုံးနေရသေးသည်၊ဒါပေမယ့် အချတော့မခံရပဲ.... လက်ကို ကြိုးနဲ့အတုပ်ခံရပြီး

"နောက်ခါ ထပ်ရုန်းနေရင် ပါးစပ်ကိုပါ ချုပ်ထားလိုက်မယ်"

'အူပြတ်သေသွားအုန်းမယ် ငါးလက်မကောင်' ကူမယ်မရှိဘူး ဘေးကနေလိုက်လှောင်နေသော စနစ် ရှိရင် ပြစမ်းကျပါ!!!

Zhao Wen Xuan(System)Where stories live. Discover now