Arc.1.2(ဖန်ယင်ယွဲ့ရဲ့ဘဝ)

29.2K 2.9K 150
                                    

အခု သူ ဘာလို့ ဆေးရုံ ရောက်နေမှန်း သိလိုက်သည်။ ဒီနေ့က သွမ့်ကွေ့ကျီ ကို ဝမ်မို့ရီ တွေ့မဲ့နေ့ပဲ

ဝမ်မို့ရီက သူဆီကနေ ကား ခိုးစီးချင်တာကြောင့် သူကို မသိမသာ အစာအဆိပ်သင့်အောင် လုပ်ထားခြင်းဖြစ်သည်။အစထဲက ဖန်ယင်ယွဲ့မှာ အစာအိမ်ရောဂါ ရှိနေသောကြောင့် အခြေအနေပိုဆိုးခဲ့သည်။

"သေစမ်း!!!''

သူ ဆေးရုံရောက်တာ တစ်ယောက်မှ မသိသောကြောင့် ထောင်ချောက်အလွယ်ဆင်ကာ ခံခဲ့ရသည်၊ စုံစမ်းမဲ့အချိန်ရောက်တော့ ဆေးရုံက CCTVမှတ်တမ်း အချို့က ရုတ်တရက် အဖျက်စီးခံလိုက်ရသည်။ဒါကြောင့် သက်သေ မပြနိုင်ခဲ့တော့ပေ။

ယခုလက်ရှိ ပိုင်ရှင်သည် ယခင်ပိုင်ရှင်လောက် မတုံးအပေ။သွယ်ထားသော ပိုက်ကို ဖြုတ်ကာ အခန်းပြင်ကို ထွက်လာတော့သည်
'CCTV မှတ်တမ်းကို ငါ လက်ဦးရယူသင့်လား'

'Sky?..မင်း ရှိလား...sky!?'

[Sky:မအော်ပဲ နေလို့မရဘူးလား မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနေတာလေကွ]

'အာ...တောင်းပန်ပါတယ်..ဆက်လုပ်ပါ' မျက်နှာငယ်လေးနဲ့ ပြန်ပြောလိုက်သည်။Sky နဲ့ စကားပြောနေရင်း ယိုင်နဲ့ယိုင်နဲ့ နဲ့ သူ လျှောက်လာရင်း လူတစ်ယောက်ကို ဝင်တိုက်မိတော့သည်

'အ..' အားနည်းနေချိန် ဖြစ်ကာကြောင့် သူလဲကျပီလို့ ထင်လိုက်ပေမယ့်ကြီးမားတဲ့ ရင်ခွင်တခုထဲ ရောက်သွားကြောင်း သိလောက်ရသည်။

[Sky:ဖုန်းပြောနေတဲ့သူကို ဝင်တိုက်မိတာ ပျော်ရဲ့လား ပြီးတော့ ဂုဏ်ယူပါတယ် ဝမ်ဝမ်]

[Sky:ဝမ်ဝမ်ကတော့ ကံကောင်းတယ်ဟ ဒါ ဒုတိယ ဇာတ်လိုက် ကျန်းကျန့်သိုက်ပဲ အဓိကဇာတ်လိုက်ရဲ့ သူငယ်ချင်းလည်း ဖြစ်သလို စီးပွားဖက်လည်း ဖြစ်တယ် တကယ်တော့ ကျန်းကျန့်သိုက်က သွမ့်ကွေ့ကျီထက် ပိုထက်မြက်ပြီး နောက်ကွယ်ကနေ အုပ်ချုပ်သူဖြစ်တယ် ဒါပေမယ့် ဝမ်မို့ရီရဲ့ ဖြားယောင်းမှုကို ခံခဲ့ရပြီး ဆေးခတ်လုပ်ကြံ ခံခဲ့ရတယ်... ]

[Sky :ဒုတိယဇာတ်လိုက်ရဲ့ ခြေသလုံးက ကြီးတယ်နော် ဖက်ထားသင့်တယ်]

Zhao Wen Xuan(System)Where stories live. Discover now