Arc.5.1(အီသန် ဆီရိမစ်လ်)

23.1K 2.2K 64
                                    


စာလုံးပေါင်း မစစ်ရသေးတဲ့ စာလုံးပေါင်း အမှားပါရင် သည်းခံဖတ်ပေးတာ
Zawgyi

ချီးပဲ နတ်သူငယ်ကို သွားကယ်တင်တာလေ အနည်းဆုံးတော့ ကူးပြောင်းတာကို သက်သာအောင် လုပ်ပေးသင့်တယ်၊

"အရှင် ဒီမှာ တူ နိုင်ငံက ရွှေစင်ရွှေသားကြီး သေတ္တာ ၅၀၀၊ အစေခံမိန်းပျို ၅ရာ ၊ တန်းဖိုးကြီးဆေးမြစ် သေတ္တာ ၅၀ ဆက်သပါတယ် "

"ဂီ နိုင်ငံက အမျိုးသားစစ်သည် တသိန်း နဲ့ အမျိုးသမီးစစ်သည် တသိန်း ဆက်သပါသည် အရှင်"

သူနားထဲ နိုင်ငံစုံက ဆက်သ ပါသည် ဆက်သသည်ပဲ ကြားနေရတာကြောင့် ကျောက်ဝမ်ရွှမ် မျက်စိပွင့်ကာ သူရှေ့ကို ကြည့်လိုက်တော့  ရွှေရောင် တိုင်လုံးကြီးတွေ ပြီးတော့ လှပတဲမိန်းမပျိုလေးတွေရယ် သူဘေးတွေတော့ အသက် ၄၀ကျော် အမျိုးသားကြီး သည် စာလိပ်တွေ တခုပြီး တခုဖွင့်ကာ အသံစူးစူးနဲ့ ကျယ်လောင်စွာ အော်နေတော့သည်၊

ကျောက်ဝမ်ရွှမ်ဟာ နန်းတော်လိုပင် ခမ်းနားတင့်တယ်တဲ့ အဆောက်အအုံအတွင်းပိုင်း ရှေးဟောင်းလက်ရာများလိုပဲ လှပတင့်တယ်လွန်းသည်၊ အခု လက်ရှိ သူဝင်ထားတဲ့ ခန္ဓာကိုယ်က Sky ပေါ့ ဒီ အထန်ကောင်ရဲ့ အရင်ဘဝ အရမ်းကို မခမ်းနားလွန်းဘူးလား....

[အမျိုးသမီး:  မှတ်ဥာဏ်ကူးပြောင်းမည်]

ခေါင်းထဲ စူးခနဲနဲ့အတူ မှတ်ဥာဏ်တွေ ဝင်ရောက်လာတော့သည် ၊

ဒီကမ္ဘာမှာ မှော်စွမ်းအင်အသုံးပြုတဲ့ ကမ္ဘာဖြစ်သည် ဒီကမ္ဘာရဲ့ သားတော်က ဂျိန်း စကိုင်းရက် ဖြစ်ပြီး တူနိုင်ငံရဲ့ အိမ်ရှေ့စံ မင်းသားဖြစ်သည်၊ မီးစွမ်းအင် နဲ့ အလင်း စွမ်းအင်ကို အသုံးပြုသူဖြစ်သည်၊ ဇာတ်လိုက်ဟာ ငယ်ရွယ်ဖော်ရွေပြီး ရုပ်ရည်ခန့်ညားတာကြောင့် သူကို အရူးအမူးချစ်ကျတဲ့သူတွေများပြားသည်၊ အဲ့ထဲမှာ ပင်မမှော်ဌာနချုပ်ရဲ့ ခေါင်းဆောင်အပါအဝင်ပေါ့၊ ဂျိန်းကို အဓိက ထောက်ပံတဲ့သူဟာ ထိုကောင်လေးဖြစ်ခဲပေမယ့် ဂျိန်း စကိုင်းရက်ဟာ ထိုဌာနရဲ့ကောင်လေးတယောက်ကို မြင်မြင်ချင်း စိတ်ဝင်စားရင်းနဲ့ ထိုကောင်လေးရဲ့ ထက်မြက်သည့်အချက်အလက်များကြောင့် တဖြေးဖြေး ချစ်ခင်မြတ်နိုးသွားတော့သည်၊သူဟာ ထိုကောင်လေးနဲချစ်သူ ဖြစ်ပြီးနောက် ပင်မဌာနချုပ်ရဲခေါင်းဆောင်သည် သူချစ်သူနဲ့သာ ထိုက်တန်သင့်ကြောင်း သိသွားတာကြောင့်
ခေါင်းဆောင်ဆိုတဲ့လူကို တဖြေးဖြေး အမြင်မကြည်တော့ပေ၊ဒါပေါ့ သူဟာ ခေါင်းဆောင်ရဲ့ ပံ့ပိုးမှုကြောင့် ဘုရင်နေရာထိ ရောက်လာတဲ့ကျေးဇူးကို မေ့ပြီးတော့ပေါ့၊ သူဟာ အကွက်ကျကျ စီစဉ်ကာ ခေါင်းဆောင်ကို လုပ်ကြံနိုင်ခဲ့သည်၊သူချစ်သူဟာ မှော်ပင်မဌာနချုပ်ရဲ့ခေါင်းဆောင်ဖြစ်သွားပြီး သူတို့ဟာ ပျော်ရွှင်စွာ နေထိုင်သွားတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now