Arc-11.10(Hyung...I love you)

6.1K 920 36
                                    

Zawgyi

"Hyung ဘယ်သူ့အကြောင်းတွေးတောနေတာလဲ"

လီထယ်ယွန်းကြောင်အနေချိန်မှာ ထပ်မံမေးခွန်းထုတ်လာတဲ့ပတ်မင်ဆော့ကြောင့် စိတ်ထဲဒေါသထွက်သွားတော့သည်၊သူ့ဘာသာ ဘယ်သူ့အကြောင်းတွေးတောနေပါစေ ပတ်မင်ဆော့ သူနဲ့ဆိုင်သလား!

ပတ်မင်ဆော့ကို လီထယ်ယွန်းအကြည့်စူးစူးတစ်ချက်ကြည့်ပေးလိုက်ပြီးနောက်မှာ သက်ပြင်းချလိုက်တော့သည်၊ဒီချိန်မှာ အရံဇာတ်ကောင်မဟုတ်တဲ့ဇာတ်ကောင်နဲ့ရန်မဖြစ်ချင်ပေ၊ဒါကြောင့် သူရဲ့အကြည့်တွေကို ကားမှန်ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်ကို ပို့လိုက်တော့သည်၊

လီထယ်ယွန်းဘက်က တိတ်ဆိတ်သွားတာကြောင့် ပတ်မင်ဆော့လည်း ဘာမှမပြောတော့ဘဲ သူ့Hyungကို ငေးမောနေတော့သည်၊

အရင်တုန်းက Hyungကို အများကြီးသဘောမကျခဲ့တာ အမှန်ပေ၊ဒါပေမယ့် မနေ့ညက Hyungကို မြင်ပြီးနောက်မှာ ထူးဆန်းတဲ့ခံစားချက်တွေ ပေါက်ဖွားလာခြင်းဖြစ်သည်၊Hyungကိုယုယချင်သည်၊နမ်းချင်သည်၊Hyungနဲ့တူတူ မိသားစုဘဝလေး ထူထောင်ချင်သည်၊တစ်ညအတွင်း ပြောင်းလဲသွားတဲ့သူ့ခံစားချက်တွေဟာ အရင်တုန်းကထက် ပိုဆိုးဝါးလှသည်၊အရင်က Hyungကို သာမန်သဘောကျမှုမျိုးဖြစ်ပြီး အခုလိုအရောင်စွန်းခံစားချက်တွေ မပါဝင်ခဲ့ပေ၊

သူရဲ့ခံစားချက်တွေဟာ ညစ်ညမ်းနေခဲ့ပြီ၊

ဒါပေမယ့် ဆက်လက်ညစ်ညမ်းနေပါစေ၊Hyungက သူ့အပိုင်၊ထိုခံစားပေါ် ပတ်မင်ဆော့ရွံရှာမှု မဖြစ်ပေါ်ပေ၊ညီအစ်ကိုအချင်းချင်းလို့ လာမပြောနဲ့၊Hyungနဲ့သူဟာ ဘာသွေးသားမှ တော်စပ်မှုမရှိချေ၊

ပတ်မင်ဆော့အတွေးများပေမယ့် လီထယ်ယွန်းကတော့ အပြင်ဘက်ကို ကြည့်ရင်း အိပ်ငိုက်နေတော့သည်၊သူ့မျက်လုံးများကို ပြူးကျယ်ထားပေမယ့် နောက်ဆုံးမှေးခနဲဖြစ်သွားတာ ပတ်မင်ဆော့ပခုံးပေါ် မှီအိပ်မိသွားတော့သည်၊

ပတ်မင်ဆော့ဟာလည်း အတွေးများနေချိန် ပခုံးတစ်ဖက်လေးသွားတာကြောင့် ကြည့်လိုက်တော့ သူ့ပေါ်မှီကာ အိပ်ပျော်နေတဲ့ သူရဲ့Hyungကို တွေ့လိုက်ရတော့သည်၊ပတ်မင်ဆော့နူတ်ခမ်းထောင့်ဟာ ကွေးတက်သွားပြီးနောက်မှာတော့ သူချစ်ရတဲ့ယောကျာ်းရဲ့နဖူးပေါ်ဖြာကျနေတဲ့ဆံသားတစ်ချို့ကို လက်ဖျားနဲ့ဖြေးဖြေးလေး ဖယ်လိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now