Part-11

1.5K 167 16
                                    

သက်တံရောင်ခြယ်ခြင်း

အပိုင်း၁၁

၂၀၀၀ ခုနှစ်

ဆန်းနိုင် ဧည့်ခန်းမှာချထားတဲ့ စားပွဲပေါ်က ဓာတ်ပုံကို ငေးကြည့်နေမိသည်။ မိမိအားပြုံးပြီးကြည့်နေသယောင် အမာပုံသည် အသက်ဝင်လှသည်။ ဓာတ်ပုံထဲမှာပြုံးတာတောင် အပြင်မှာ နွေးထွေးမူ့တွေ ရရှိနေသယောင်လိုပင်။

အစ်မာအမေကြီးသည် စားပွဲပေါ်မှာ လက်တင်ကာ သူမလက်ပေါ်သူမ ခေါင်းလေးမှီကာ ထိုင်နေသည်။ အစ်မမာအမေကြီးဆီက ဘာသံမှမကြားရပါ။ ငိုသံတောင်မကြားရ။ မသိသူ သူစိမ်းကတော့ မိဘဖြစ်ပြီး သားသမီးသေတာမငိုဘူးလို့ ပြစ်တင်ကောင်းလောက်ပါသည်။ သို့သော် အစ်မမာအမေကြီးသည် ငိုပြီးပါပြီ ငိုသင့်သလောက်ထက် ပိုလို့ပင်ငိုပြီးပါပြီ။ အစ်မမာနေမကောင်းဘူးဆိုတာသိကတည်း မန္တလေးကို လာလာလည်ပြီး အစ်မမာအလစ်နောက်ဖေးလေးမှာ ကျိတ်ငိုတတ်သော အမေကြီးကို ဆန်းနိုင် တွေ့ဖူးပါသည်။

ဆန်းနိုင်အထင် အမေကြီးမှာ ငိုစရာကုန်ခမ်းသွားပြီထင်သည်။ အသက်အရွယ်အားဖြင့်လည်း ပါးရည်တွန့်ကာ ခါးလည်းကိုင်းနေပါပြီ။ ချိမ့်ဝင်နေသော မျက်လုံးဖျော့ဖျော့များက ဆန်းနိုင်လိုပဲ ပြုံးနေတဲ့အစ်မမာပုံလေးကို နာကျင်စွာငေးကြည့်နေလေသည်။မိမိလို သွေးမတော်သားမစပ် လင်ယောက်ကျားကိုပါ လုဖူးသောသူတောင် နာကျင်နေရပါလျှင် သမီးကိုစောစောဆီးဆီး လက်လွှတ်လိုက်ရသော အမေကြီးသည် ဘယ်လောက်တောင် နာကျင်နေမည်ဆိုတာဆို ဆန်းနိုင် နားလည်နိုင်သည်။

အစ်မအဖေကိုတော့ ခုထိမတွေ့ပါ။ ကိုကိုနဲ့ အသုဘကိစ္စတွေလုပ်နေတာနဲ့တူသည်။ အမေကြီးက ခါးကုန်းနေပေမယ့် အဖေကြီးကတော့ လမ်းလျှောက်နိုင်တုံး ပြေးလွှားနိုင်တုံးဖြစ်သည်။  အရီးဘွင့်ကလည်း အသုဘကိစ္စတွေနဲ့ ဗေဒင်မေးခြင်း ၊ အမျှဝေရင် ဝိညာည်ခေါ်ရန် အတွက် နတ်သည်ကိုသွားခေါ်သော အလုပ်များဖြင့် ရှုပ်နေသည်။ မလုံးနဲ့မနီကလည်း အိမ်ကအလုပ်များနဲ့ ဘုန်းကြီးသွားပြီး မှန့်ဟင်းခါးချက်ဖို့ကော၊ သားနဲ့သမီးကိုပါ အားရင်ထိန်းရင်းအလုပ်ရှုပ်နေတော့သည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now