Part-1

15.8K 388 4
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၁

ဆန်းနိုင်(ခရစ်နှစ်၂၀၀၀ ခုနှစ်)

ကုတင်ခြေရင်းမှီထိုင်ရင်း ဆန်းနိုင်လက်ထဲက သံဗူးလေးကိုလက်ချောင်းထိပ်လေးနဲ့ ပွတ်သပ်နေမိသည်။ဒီဗူးလေးဟာ သူရဲ့လှုပ်ရှားစနှလုံးသားကို ဆုတ်ကိုင်ယူငင်သွားခဲ့​သောသူက ပေးထားသောလက်ဆောင်ဗူးလေးဖြစ်သည်။

ငွေရောင်သံဗူးလေးဟာ လှပပြီးပန်းကနုတ်များဖြင့် အဖုံးကိုကောဗူးရဲ့ဘေးပတ်လည်တွင် ထွင်းထုထားကျသည်။ ထိုကနုတ်ပန်းလေးတွေရဲ့အဖျားထိပ်လေးမှာ ပွင့်လန်းနေတဲ့ ရွှေရောင်စံပယ်ပွင့်လေးက တည်ရှိနေသည်။ ဆန်းနိုင် ထိုဗူးလေးကိုအရမ်းနှစ်သက်သလို ဒီဗူးလေးအား လက်ခံရရှိကာစကလည်း အင်မတန်ပျော်ရွှင်ခဲ့ရပါသည်။ သူပြောခဲ့သည်"ညီညီမင်းကစံပယ်ပန်းကြိုက်တယ်ဆိုလို့ ကိုကိုသေချာရွေးဝယ်လာတာကွ" တဲ့။ ထိုအသံကို ဆန်းနိုင်နားထဲ အသစ်တဖန်ပြန်ကြားယောင်နေမိသည်။

သံဗူးအဖုံးလေးအားမကာ ဖွင့်လိုက်တော့အတွင်းမှာ ကတိပါသားအနီရောင်လေးခင်းထားသည်။ ပြီးနောက် အထဲမှာ သူနဲ့ဆန်းနိုင်ကြားက အမှတ်တရပစ္စည်းလေးတွေရှိနေသည်။ ထိုအမှတ်တရတွေသည် နှစ်ကိုယ်တူအမှတ်တရများလည်းပါသလို၊ ဆန်းနိုင်တစ်ကိုယ်တည်းက တစ်ဖက်သတ်အမှတ်တရများလည်း ပါဝင်နေသည်။

အားလုံးထဲမှ အဖြူရောင်စာအိတ်လေးတစ်အိတ်ကို အသာအယာထုတ်ကိုင်လိုက်မိသည်။ သံဗူးလေးကို ကုတင်ပေါ်ခဏတင်လိုက်သည်။ စာအိတ်လေးကို လက်နှစ်ဖက်ကိုင်တွယ်ကာ လက်ချောင်းတို့ဖြင့်အသာအယာထိတွေ့မိသည်။ ဆန်းနိုင်ဟိုတစ်ချိန်ကလိုပဲ ဒီစာအိတ်လေးကို ဖွင့်ဖို့ကြောက်ရွံနေမိသည်။လွန်ခဲ့သော၆နှစ်က ဒီအခန်းလေးထဲက၊ ဒီကုတင်ခြေရင်းလေးနားမှာပဲ၊ ယခုလိုထိုင်ချရင်း ဒီစာအိတ်လေးကို ကြည့်ခဲ့ဖူးသည်။ အရင်နဲ့မတူတာက ဆန်းနိုင်အခုမငိုတော့ပါ၊ စာအိတ်လေးကိုကိုင်ထားတဲ့ လက်တို့ဟာလား အရမ်းမတုံရင်နေတော့ပါ။ အရင်နဲ့တူသည်က ဆန်းနိုင်ရဲ့ ဘယ်ဘက်ရင်အုံးသည် နာကျင်နေတုံးဖြစ်သည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now