Part-10

1.7K 225 16
                                    

Voteပေးသွားလို့ရပုလားဗျ။😔😔😔

သက်တံရောင်ခြယ်ခြင်း

အပိုင်း၁၀

၁၉၉၁၊ ၁၂လပိုင်း(ဒီဇင်္ဘာလ)၊၂၆ရက်

သစ်မောင်တက္ကသိုလ်ကျောင်းက ပြန်လာပြီး အိမ်ကိုပဲတန်းပြန်လာခဲ့သည်။ မင်းသော်တို့ ခေါ်ရာကိုပင်မလိုက်နိုင်တော့ပါ။ အရင်တစ်လလောက်ကတည်းက သစ်မောင်စိတ်ထဲ ရှုပ်ထွေးနေတဲ့အကြောင်းအရာကို အဖြေထုတ်နိုင်ခဲ့လို့ဖြစ်သည်။ ရှုပ်ထွေးနေတဲ့ အကြောင်းအရင်းရဲ့ အဓိကကတော့ ဆန်းနိုင်ပင်ဖြစ်သည်။

ဆန်းနိုင်ကိုမြင်တာနဲ့ သစ်မောင်ခုတလောရင်တွေခုန်နေသည်။ အနားကပ်လာတိုင်း စိတ်လှုပ်ရှားနေရသည်။ အဆိုးဆုံးကတော့အခန်းခွဲနေတာတောင် ဆန်းနိုင်က မိမိအခန်းထဲမှာ လာလာအိပ်တတ်တာပင်ဖြစ်သည်။ သူကအိပ်တာအကြောင်းမဟုတ် သစ်မောင်မှာ ဆန်းနိုင်ကိုမြင်တိုင်း ဆန်းနိုင်ရဲ့ အိပ်နေရင်း ပေါ်လာတဲ့လည်ပင်းသားဖြူဖြူလေးတွေကို မြင်တိုင်း စိတ်ကြွမိနေသည်။ ဘာလို့လဲဆိုတဲ့အဖြေကို တစ်လလုံးသေချာကိုစဥ်းစားနေရသည်။

ချစ်မိတာကို သိလိုက်ရတော့ သစ်မောင်စရှောင်မိနေသည်။ မိန်းကလေးတွေနဲ့လည်း တွဲ ကြည့်ပေမယ့် သစ်မောင်ဆန်းနိူင်အပေါ်ထားတဲ့ စိတ်မျိုး ထိုမိန်းကလေးတွေအပေါ်မှာ မဖြစ်ပါ။ တစ်လလုံးလုံး ကျောင်းကပြန်လာတိုင်း ဆန်းနိုင်ကို မျက်နာချင်းဆိုင်မဖြစ်အောင်ရှောင်မိနေသည်။ ညဆိုလည်း အခန်းဂျတ်ထိုးအိပ်မိသည်။ ယောက်ကျားချင်း ဘယ်လိုချစ်ရမလဲဆိုတဲ့ စိတ်က အဲ့တုံးကအတော်ကို ပြင်းထန်ခဲ့ရသည်။ မိမိက အခြောက်လားလို့ အကြိမ်ကြိမ်မေးမိသည်။

ထိုလိုလည်းမဟုတ်ပြန်ပါ။ သို့သော် မိမိသိနေတာ တစ်ခုပဲရှိသည်။ ထိုအရာက ဆန်းနိုင်ကို ချစ်မိနေပြီဆိုတာပဲဖြစ်သည်။ သစ်မောင်မိမိစိတ်ကို မိမိလက်ခံနိုင်ခဲ့ပြီ။ ထို့အတွက် လုပ်စရာတစ်ခုပဲ ရှိသည်။ ထို့အရာက ဆန်းနိုင်စိတ်ကို မေးမြန်းပြီး ဆန်းနိုင်အချစ်ကိုရယူဖို့ပင် ဖြစ်သည်။

သို့ပေမယ့် အိမ်ရှေ့ရောက်မှ သစ်မောင်လက်တုံနေမိသည်။ လက်ဖျားခြေဖျားတွေပါအေးစက်လာရသည်။ ဘယ်ဘက်ရင်အုံမှ နှလုံးသားကလည်း ခပ်မြန်မြန်ခုန်ပေါက်နေသည်။ သစ်မောင်မိမိစိတ်ကို သေချာထိန်းကာ အိမ်ထဲဝင်လာခဲ့သည်။ ဧည့်ခန်းမှာသန့်ရှင်းရေးလုပ်နေတဲ့ မလုံးအား လှမ်းမေးလိုက်မိသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now