သက်တန့်ရောင်ခြယ်
အပိုင်း၄၅
မင်းသုမောင် လင်းချိုကိုယ်လေးကိုထွေးပွေ့ထားမိသည်။ ညီကမတ်တပ်ရပ်လိုက်တာတောင် မိမိကိုယ်တိုင်ပါညီနှင့်အတူမတ်တပ်ထရပ်ပြီး ဖက်တွယ်ထားမိသည်။
"ကျွန်တော့်ကိုလွှတ်ပါ....လွှတ်...."
"ကိုယ်....ကိုယ်နဲ့အတူနေပေးလို့မရဘူးလား....ကိုယ့်အတွက် မင်းရှိမှ ဖြစ်မှာမို့လို့ပါကွာ... "
မင်းသုမောင်ရဲ့ စကားသံကိုကြားတော့ လင်းချိုရုန်းမထွက်ပဲ ငြိမ်ကျသွားတော့သည်။ ဖခင်နှင့်ချစ်သူ လင်းချိုဘယ်သူ့ကိုရွေးရမှန်းမသိအောင် ခက်ခဲနေလေသည်။ ဖခင်က လင်းချိုအတွက် မဟာကျေးဇူးရှင်ကြီူတစ်ယောက်ဖြစ်သလို၊ ချစ်သူဟာလည်း သူ့၏ဖခင်ကြောင့် ဒဏ်ရာရနေတဲ့ လူတစ်ယောက်ဖြစ်နေသည်။
မင်းသုမောင်ရှိရာသို့ လင်းချိုလှည့်လိုက်သည်။ မင်းသုမောင်သည်လည်း လင်းချိုကဲ့သို့ ပါးပြင်ထက်မှာ မျက်ရည်သီးနေသည်။ လင်းချိုချစ်သူရဲ့ မျက်ဝန်းတွေကို ငေးစိုက်ကြည့်လိုက်မိတော့ တစ်စုံတစ်ခုကို သိမြင်လိုက်ရသည်။ ထိုအရာသည်ကား ချစ်သူတွင်သူမှလွဲ၍ဘယ်အရာမှမရှိဆိုတာကိုဖြစ်သည်။
#######
မင်းသုမောင် နေရောင်ဖျာကျနေတဲ့ မျက်နာငယ်လေးကို ငေးစိုက်ကြည့်နေမိသည်။ ဖြူဖွေးဖွေးပါးပြင်လေးရဲ့အထက်မှာ ငိုထားလို့မို့ဖောင်းနေတဲ့ မှိတ်နေတဲ့မျက်ဝန်းတစ်စုံရှိနေသည်။ ထို့အပြင် ငိုပါများလို့ရဲနေတဲ့နာခေါင်းထိပ်လေးကိုလည်း မိမိလက်ဖြင့်ထိတွေ့ကိုင်တွယ်ကြည့်နေမိသည်။
မင်းကိုဆွဲထားမိတာ ကိုယ်မှန်ပါတယ်နေယ်ညီ၊ အတ္တကြီးတယ်ပဲပြောပြော ခုချိန်မှာ မင်းနဲ့မင်းအဖေနာကျင်ရတာက ကိုယ်နာကျင်ရတာကို မမှိီပါဘူးကွာ။ ကိုယ်လေရင်ထဲကသိပ်ကိုမွန်းကျပ်နေတယ် သိလားညီ။ အရာအားလုံးကိုလွှတ်ချပြီး ၊အားလုံးကိုမေ့ပြစ်ပြီး ကိုယ်ပျော်ချင်တယ်။ ဒါပေမယ့် ကိုယ်မေမေကိုအားနာတယ်၊ မေမေကိုသနယးတယ်ညီ။ မေမဘယ်လောက်ခံစားခဲ့ရမလဲ၊ ကိုယ်မသိပေမယ့်၊ မေမေခံစားခဲ့ရတာတွေကိုမျက်ကွယ်ပြုပြီး ကိုယ်မပျော်ချင်ဘူး။ အဲ့အတွက်ကိုယ်အပြစ်ရှိသလိုခံစားရတယ်ညီ။ ဒါကြောင့်....ဒါကြောင့်....ကိုယ်အတ္တကြီးပါရစေညီ။ ကိုယ့်ရင်ထဲဘာ်လောက်ပဲ မွန်းကျပ်နေပါစေ၊ ညီရှိရင်ရပြီမို့၊ ညီကကိုယ့်အနားမှာပဲနေပေးပါကွာ။ ညီပျော်အောင်ကိုယ်ကြိုးစားပါ့မယ်။
![](https://img.wattpad.com/cover/228356277-288-k944114.jpg)
YOU ARE READING
သက်တန့်ရောင်ခြယ်ခြင်း(Completed)
Romanceအချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။