Part-43

1.1K 102 6
                                    

ဇာတ်သိမ်းဖို့ သိပ်မလိုတော့ပါဘူး အသဲတို့။ ဘယ်လိုဇာတ်သိမ်းမျိုးလေး လိုချင်လဲ။😁😁😁 ကိုယ်တွေးထားသလိုပဲ သိမ်းလိုက်ရမလား🤔🤔🤔။ ဦးကသဘောကောင်းပါတယ် ဟင်းးး ဟင်း။😎😎😎

#######

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၄၃

ဦးဆန်းနိုင်ညနေလောက်ကတည်း အထုတ်အပိုးတွေကိုထုတ်ပိုးနေသည်။ ညကျရင်ရန်ကုန်သွားကြမည်ဖြစ်တာကြောင့် ဖြစ်သည်။ မနေ့ဖန်မှပြန်မယ်လုပ်ထားတဲ့ ဧည့်သည်တွေကို အားနာပေမယ့်ဒီနေ့ပြန်ဖို့ တိုက်တွန်းလိုက်ရသည်။ မိမိနဲ့သားနဲ့ပြန်လိုက်မှာကြောင့်ဖြစ်သည်။ သားကတော့ တခွေခွေနေနေပေမယ့် ရန်ကုန်ပြန်ဆင်းရမှာဖြစ်တာကြောင့် သူ့အဝတ်ထုတ်တွေကို သူဘာသာထုတ်ပြီး ပြင်ဆင်နေသည်။ ည၇နာရီလောက်မှာ ဦးဆန်းနိုင်တို့အဲကွန်း Express Carနဲ့ပြန်လာခဲ့လိုက်ကြသည်။

သားကိုလည်းတစ်လမ်းလုံးအိပ်ဖို့ပြောပေမယ့် မိမိတရေးနိုးတိုင်းသားဟာ ပြတင်းပေါက်လေးကို ငေးကြည့်နေတတ်သည်။ဦးဆန်းနိုင် သက်ပြင်းငွေ့ငွေ့လေးသာချလိုက်ရသည်။

ဆန်းလင်းချို ဖေဖေဘာလို့ရုတ်တရက်ကြီးညရန်ကုန်ဆင်းဖို့ပြင်လည်း သူမသိပါ။ ဖေဖေကိုစိတ်မပြေသေးတာကြောင့်လည်း ဘာမှပြန်မေးမိပဲ ငြိမ်သက်နေမိသည်။ လင်းချိုဒီအချိန်မှာ ဘာဆိုဘာမှမပြောချင်တော့ပါ။ လင်းချိုထင်ထားသော အရာအားလုံးဟာ လွဲမှားသွားသောကြောင့် ဖြစ်မည်။ ဖေဖေကိုအရမ်းလေးစားခဲ့ရတဲ့ လင်းချိုဟာ ခုဖေဖေကိုစိတ်ပျက်နေမိသည်။ သူများမိသားစုဘဝကို ဖြိုချဖျက်ဆီးလိုက်သည်တဲ့လား လင်းချိုတစ်ဘဝလုံးအလေးစားဆုံးဖေဖေကလေ။

လင်းချိုကားရဲ့ပြတင်းပေါက်လေးကနေ မှောင်မဲနေတဲ့အပြင်လောကာကို ငေးကြည့်နေမိသည်။ အဝေးပြေးကားလမ်းကမီးတိုင် တစ်ခုပြီးတစ်ခုဟာ အနောက်မှာလျှင်မြန်စွာကျန်ရစ်ခဲ့သည်။ ဖြတ်ပြေးသွားတဲ့အလင်းရောင်တွေအောက် လူသူကင်းမဲ့နေပြီး ကားငယ်လေးများ ရန်ဖန်ရံခါ မိမိတို့ကားကြီးကို ဖြတ်ကျော်မောင်းနှင်သွားသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Место, где живут истории. Откройте их для себя