Part-15

1.5K 147 15
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၁၅

တဖြည်းဖြည်းရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့သည်။ အစ်မမာဆုံးတာတစ်လကျော်ပြီဖြစ်လာသည်။ စိတ်မကောင်းစရာတစ်ခုကတော့ အစ်မမာရဲ့ အမေကြီးက အရင်တစ်ပတ်ကဆုံးသွားခဲ့ပြီ ဖြစ်သည်။ အမေကြီးရဲ့အသုဘကိုတော့ ကိုကိုနဲ့ ကိုကိုဖေဖေက လိုက်သွားကျသည်။

အမေကြီးအသုဘကို ဆန်းနိုင်မသွားဖြစ်ပါ။ အစ်မမာရဲ့ အဒေါ်တို့နဲ့က အဆင်မပြေတာကြောင့် ကိုကိုမလိုက်နဲ့ပြောတာ​ြကြောင့် နေခဲ့ရသည်။ ကလေးတွေအတွက် ဆန်းနိုင် အစာပြေစားဖို့ မှန့်လုပ်ပေးနေမိသည်။ ငုက်ပျောပေါင်းကို အုန်းနို့လေးနဲ့ သေသေချာချာပေါင်းလိုက်သည်။ မနီနဲ့မလုံးကတော့ ဆန်းနိုင်နဲ့အတူ ဝိုင်းကူလုပ်ပေးနေကျသည်။

"သားဆန်းနိုင်ရယ် အစ်မတို့ ငုက်ပျောပေါင်းမစားရတာတောင်ကြာပြီ...."

မလုံးကပြောလာခဲ့သည်။ ဟုတ်ပါတယ်အရင်ကတော့ ငုက်ပျောပေါင်းကို တစ်လတစ်ခါလုပ်ကျွေးဖူးသည်။ အစ်မဆုံးပြီးကတည်း မလုပ်စာဖြစ်တာ ကြာပြီဖြစ်သည်။ ငုက်ပျောပေါင်းပြီးတာနဲ့ ပန်းကန်လုံးလေးတွေထဲ နှစ်ခုဆီထည့်ကာ ဇွန်းလေးတစ်ချောင်းဆီတပ်ပေးထားလိုက်သည်။

"မလုံးတို့စားနှင့်နော် ကလေးတွေ ကျွန်တော်သွားခေါ်လိုက်မယ်..."

"နေပါစေ...မနီခေါ်လိုက်ပေါ့မယ်..."

"အာရတယ်ရတယ်မနီ ကျွန်တော်ပဲခေါ်လိုက်မယ်..."

"အေးအေးမောင်လေး...."

ဆန်းနိုင်မနီတို့ကို တားကာ ကလေးတွေရှိရာ မိမိအခန်းထဲကို လျှောက်လာလိုက်သည်။ ကလေးတွေပျောက်ရင် ဘယ်မှာမှရှာစရာမလို မိမိအခန်းထဲ ပြေးကြည့်လိုက်တာနဲ့ တွေ့ရပါပြီ။ သူတို့အတွက်လုပ်ပေးထားတဲ့ အပေါ်ကကိုယ်ပိုင်အခန်းလေးတွေကိုကြတော့ ပြစ်ထားပြီး မိမိအခန်းမှာသာ လာအိပ်လိုက်၊ လာကစားလိုက်လုပ်နေကြတော့သည်။ မွေးကတည်းက မိမိအခန်းထဲမှာ နေလာရတာကြောင့် ဒီအခန်းကို သတို့လေးတွေ ရင်းနှီးခင်တွယ်နေဟန်ရှိသည်။ အရီးကတော့ သူ့သူငယ်ချင်းဧည့်သည်နဲ့ အပြင်ထွက်သွားတာကြောင့် အရီးဘွင့်ကို ခေါ်ကျွေးစရာတော့ နေလိုတော့ပါ။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now