သက်တန့်ရောင်ခြယ်ခြင်း
အပ်ိုင်း၁၄
သစ်မောင် အမေကြီးကို စောင့်ကြည့်အပြီး အခန်းပြင်ကို ထွက်လာခဲ့သည်။ အမာအဖေနဲ့အဒေါ်ကပါရောက်နေလေသည်။ အမာအဖေကမျက်နာမကောင်းပေမယ့် အမာအဒေါ်ကတော့ မိမိကို မြင်တာနဲ့ မျက်စေ့မျက်နာပျက်ကာ မာထန်နေသည်။ သူတို့မှာတစ်ခုခုပြောစရာ ရှိတာကို သစ်မောင်သိနှင့်နေသည်။ ထို့ကြောင့် ဧည့်ခန်းကခုံတစ်ခုမှာ သစ်မောင်ဝင်ထိုင်လိုက်သည်။ သစ်မောင်ဝင်ထိုင်လိုက်တာနဲ့ သစ်မောင်ရဲ့ဖခင်နဲ့မိခင်တို့ကပါ သစ်မောင်ဘေးထိုင်လာကျသည်။
အမာအဖေနဲ့ အဒေါ်ကလည်း မိမိတို့နဲ့မျက်နာချင်းဆိုင် ထိုင်လာကျသည်။ သစ်မောင် အမာအဖေကို ထက်မံအကဲခတ်ကြည့်တော့ စိုးရိမ်နေတဲ့ မျက်နာအမူအရာကို တွေ့ရသည်။ သို့သော် ဇနီးနဲ့သမီးအတွက် ဝမ်းနည်းမူ့ကတော့ အနည်းငယ်သာတွေ့ရသည်။ အမာအဖေသည် အရင်ကဒီလိုမဟုတ်ပါ။ မိမိနဲ့အမာလက်ထက်ပြီးနောက်ပိုင်းမှသာ သိသိသာသာခြေလှမ်းပျက်လာသည်။ ဘာကြောင့်များခုလိုဖြစ်သွားရတာလဲတော့ သိလည်းမသိချင်တော့ပါ။ သစ်မောင် အမာအဒေါ်ကို ကြည့်လိုက်သည်နှင့် မိမိအား စူးစူးရဲရဲနဲ့ စိုက်ကြည့်လာတော့သည်။ပြီးနောက် သူမကပဲ
"နာရေးကိစ္စရှိလို့ အောင့်အီးထားရပေမယ့် တို့တော့ ကြာကြာမအောင့်ထားနိုင်တော့ဘူး...."
"ဘာကိုပြောတာလဲရှင့်....ဘာကိုမအောင့်အီးထားနိုင်ရတာလဲရှင့်...."
သစ်မောင်တစ်ခွန်းမှမဟပေမယ့် မိမိမိခင်ကတော့ အမာအဒေါ်စကားကို ခွန်းတုံပြန်မေးလာသည်။
"ဘာကိုမအောင့်နိုင်တာလဲဆိုတော့ ကျွန်မတူမလေးကို သနားတာကိုပြောတာရှင့်....ကျွန်မတူမလေးက ကျွန်မတို့နဲ့နေတုံးက လန်းဆန်းနေတဲ့ မိန်းကလေးပါ...."
သစ်မောင် သူမကိုလှမ်းကြည့်လိုက်မိသည်။ သူမစကားက ဘာကိုဆိုလိုချင်နေတာလဲ သစ်မောင်အပြင် သစ်မောင်ရဲ့ မိဘတွေကပါ သိနေဟန်ရှိသည်။ ဒီတစ်ခါ သစ်မောင်အဖေက ခွန်းတုံပြန်မေးလာသည်။
"ဘာကိုပြောချင်တာလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါခဗျ.... ဝေ့ဝဲနေရအောင် ကျုပ်တို့မှာ လုပ်စရာတွေ ရှိသေးတယ်...."
YOU ARE READING
သက်တန့်ရောင်ခြယ်ခြင်း(Completed)
Romanceအချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။