finale part

2.4K 89 15
                                    

သက်တန့်ရောင်ခြယ်ခြင်း

ဇာတ်သိမ်းပိုင်း

ဦးဆန်းနိုင် မကွေးကိုပြန်လာခဲ့ပြီဖြစ်သည်။ မင်းသားကျရွာကို ပြန်ရောက်တာ လေးရက်ရှိပြီဖြစ်သည်။ သားလေးနဲ့မိမိသမက်ဖြစ်သူသားမောင်တို့လည်း ယခုချိန်လောက်ဆို ဟန်နီးမွန်းခရီးက ပြန်ရောက်လောက်ပြီဖြစ်သည်။ တွေးစရင်း
ဖုန်းမြည်လာတာကြောင့် ကုတင်ဘေးစားပွဲပေါ်မှ ဖုန်းကိုယူကြည့်လိုက်သည်။ သားချိုလေးမို့ ဖုန်းကိုအမြန်ကိုင်လိုက်မိသည်။

"ဟယ်လို သားလေးနေကောင်းရဲ့လား၊ ဟန်နီးမွန်းကကော ပျော်ရရဲ့လား၊ ပြန်ရောက်ပြီလား..."

"တစ်ခုချင်းမေးပါ ဖေဖေရာ.....မောနေပါအုန်းမယ်...."

"ဟားးးး...."

မိမိမှာ သားလေးအဆင်ပြေမလား သိချင်စိတ်လောနေတာကြောင့် သားရဲ့အဖြေကိုမစောင့်ပဲ ဆက်တိုက်မေးမိခြင်းဖြစ်သည်။ ဒါကိုသားဖြစ်သူက အရွန်းဖောက်ကာ စနောက်ပြောဆိုလာသည်။

"ပြန်ရောက်ပြီဖေဖေ....ကျွန်းတွေကများလွန်းလို့ စုံအောင်မလည်ခဲ့ရဘူး...နောက်မှဖေဖေကိုဓာတ်ပုံတွေပြမယ်...."

"အော်...အေးပါကွယ်...အေးပါ....ဒါနဲ့သားမောင်နဲ့ကော အဆင်ပြေရဲ့လား...."

"ပြေတယ်ဖေဖေ....ခုဖေမောင့်အခန်းထဲ ဝင်သွားတယ်...."

ဖေမောင်ဆိုတာ ကိုကို(ဦးသစ်မောင်)ကို ဆိုလိုမှန်းသိလိုက်သည်။သားဖြစ်သူအကြွားစိန်ရဲ့ မြိတ်ကျွန်းစုအကြောင်း အကြွားလေလုံးတို့ ဦးဆန်းနိုင်ဆီ ပိလာတော့သည်။ စုံစိနေအောင် ပြောလာသောသားဟာ စကားအရမ်းများတတ်သူလေး ပီပီ တစ်ယောက်တည်းဒိုင်ခံပြောနေတော့သည်။သားဆီမှအကြောင်းအရင်းအတော်များများကို ကြားပြီးနောက်သားက ဖုန်းချသွားတော့သည်။ ဦးဆန်းနိုင် ဖုန်းလေးအား ကြည့်ရင်းဖြင့် ကြည်နူးစွာပြုံးနေတော့သည်။

"မောင်ဆန်းနိုင် ကြည့်ရတာ သားချိုလေးနဲ့ ပြောနေတာတူတယ်..."

မီးဖိုခန်းထဲမှ ထွက်လာသည် ဒေါ်ဘုတ်မှလှမ်းမေးခြင်းဖြစ်သည်။ ထမင်းပန်းကန်၊ ဟင်းပန်းကန်တွေကို ဒေါ်ဘုတ်လက်ထဲမှ လွဲပြောင်းယူရင်း စားပွဲပေါ်နေရာချလိုက်သည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now