Part-8

1.8K 170 6
                                    

သက်တံရောင်ခြယ်ခြင်း

အပိုင်း၈

သစ်မောင် သစ်ပင်ကိုင်းပေါ်မှာ ကားယားခွပြီး သစ်ရက်သီးကို ဝါးချွန်နဲ့ အားရပါးရထားခူးနေလေသည်။အောက်ကဆန်းနိုင်ရဲ့
စိုးရိမ်တကြီး အော်သံကို ပြုံးပြုံးကြီးလုပ်ရင်း လျစ်လျူရှူ့နေလေသည်။

"ကိုကိုရေ ဆင်းတော့လို့ အရမ်းမြင့်နေပြီ..."

"ဟာ ညီညီရာ တိုးတိုးလုပ်ပါကွ....အဖ ​သိရင် ဒုက္ခကွ...."

သစ်မောင်သူ့အား အသံကျယ်ကျယ်နဲ့ ပြောနေတဲ့ ဆန်းနိုင်ကို သူ့ခေါင်းသူကုတ်ရင်းသစ်မောင် ပြန်ပြောနေတော့သည်။

"ကိုကိုကလည်း ခုလည်းသရက်သီးတွေ အများကြီးရနေပြီလေ....အရီးကလည်း မကြာဘူးစျေးကပြန်လာတော့မှာ ကိုကိုရဲ့....အဘမောင်ကလည်း အိပ်ရာကနိုးတော့မှာနော်..."

သစ်မောင် ဆန်းနိုင်က သရက်သီးစားချင်တယ်ဆိုတာကြောင့် ခြံထဲက သစ်ရက်ပင်ပေါ်ကို တတ်ကာခူးပေးနေခြင်းဖြစ်သည်။ အစက တစ်လုံးနှစ်လုံးခူးဖ်ို့ဆိုပေမယ့် အခုတော့ မြင်မြင်သမျှသရက်ကြီးက ပိုပိုကြီးနေတာကြောင့် ခူးပြီးရင်းခူးချင်နေတော့သည်။

"ဟဲ့အကောင် သစ်မောင်...."

သစ်မောင်မာတာမိခင်ကြ​ီး အသံကိုကြားတာနဲ့ သစ်မောင်လန့်သွားရသည်။ အမြန်ဆင်းဖို့ပြင်နေရင်း ဟန်ချက်မညီတော့ပဲ ယိုင်သွားတာကြောင့် သစ်ကိုင်းလှမ်းကိုင်လိုက်ပေမယ့် သစ်ကိုင်ခြောက်ဖြစ်နေလေသည်။

"ကျွတ်"

"အိုးးးး....ကိုကို... "

"အားးးး အမလေးကယ်ပါအုံး...."

"ဟယ် သား..."

အသံတို့အပြိုင်အဆိုင်ဖြစ်ပေါ်သွားတော့သည်။ မောင်သစ်မောင်သည်လည်း အပင်ခြေရင်းမှာ ခွေခွေလေးလဲကျသွားသည်။ မိခင်ဖြစ်သူဒေါ်ဘွင့်မှာလည်း အဖော်မနီကိုတောင်မစောင့်နိုင် ခြံထဲသို့ အဘယ်များပြေးဝင်လိုက်သည်မသိ ခြံထဲကသားဖြစ်သူအနားကိုရောက်နေလေပြီ။ ဆ်းနိုင်သည်လည်း သစ်မောင်အနားအပြေးလေးရောက်လာကာ မျက်ရည်တပေါက်ပေါက်ကျနေလေသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now