Part-26

1.1K 114 11
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၂၆

ဆန်းလင်းချို အဖေနဲ့ဖုန်းပြောပြီး နေ့လယ်တစ်နာရီထိုးခန့်နီးမှ ထမင်းစားဖြစ်တော့သည်။အစ်မစင်ဒီရယ် မိမိရယ်၊ မှန့်ဖုတ်သမားအစ်ကိုကြီးမင်းသန့်ရယ်၊ ဝိတ်တာအသစ်လေးရယ်အတူစားဖြစ်ကြသည်။ လူပါးနေတာကြောင့်လည်း ခုလိုအတူစားနိုင်တာဖြစ်သည်။ လူများနေရင်တော့ တစ်ယောက်တစ်လှည့် အပြေးတစ်ပိုင်းစားကြရသည်။

"ညီလေးလင်းချို ဘာဟင်းတွေတုံး...."

"အဖေပို့ထားတဲ့ ချည်ပေါင်ကျော်ရယ်၊ ငါးခြောက်ကျော်ရယ်ပါပဲဗျ...."

လင်းချိုပြောရင်း ညီးညူလိုက်မိသည်။ အဖေဒီတစ်ခါပို့လိုက်တဲ့ အခြောက်အခြမ်းတွေက များလွန်းလို့ ဆန်းလင်းချို စိတ်ညစ်လာတော့သည်။

"ဘာလို့လဲ ညီလေးရစားကောင်းပါတယ်...နော့် ကောင်းကောင်း..."

"ဟုတ်တယ် အကိုလင်းချိုရဲ့...."

ကောင်းကောင်းကိုပါ အကိုမင်းသန့်က ထောက်ခံခိုင်းတာကြောင့် ကောင်းကောင်းကလည်းထောက်ခံစကားဆိုလာလေသည်။ သို့သော်လင်းချိုကတော့ စားရလွန်းလို့ ထိကိုမထိချင်တော့သည် အထိပင်ဖြစ်သည်။ ကောင်းကောင်းက အသစ်ရောက်လာတဲ့ ဝိတ်တာလေးဖြစ်သည်။ မိမိထက်တစ်နှစ်လောက်သာ ငယ်ပေမယ့် အကိုတပ်ပြီး ခေါ်တတ်လေသည်။ ကောင်းကောင်းက သွက်လက်ပြီး ရင်းနှီးလွယ်တဲ့ ကောင်လေးဖြစ်သည်။

"မောင်လေးမစားချင်ရင် အစ်မဟင်းများများစား အစ်မဟင်းကသန့်တယ်..."

ဆန်းလင်းချို ချက်ချင်းဆိုသလို နားပိတ်လိုက်သည် ။အကြောင်းကား ရန်မီးစစ်ပွဲစတင်တော့မည် ဖြစ်သည်ကို သိလို့ဖြစ်သည်။

"ဘာဟဲ့ အရိုးမနင့်ဟင်းက သန့်တယ်ဆိုတော့ ငါ့တို့ဟင်းက ဘာဖြစ်နေလို့လဲ..."

"ကို ဘယ်လိုဖြစ်လို့ အာပြဲကြီးနဲ့ထအော်နေတာလဲ ...အစ်မကစနေတာကို..."

အာပြဲကြီးနဲ့ ရန်ပြန်တွေ့နေတဲ့ အစ်ကိုမင်းသန့်အား ကောင်းကောင်းက ဝင်ဟန့်တော့မှ အသံတိတ်သွားတော့သည်။ ကောင်းကောင်းအလုပ်မဝင်ခင်ကတည်းက အစ်ကိုမင်းသန့်နဲ့ကောင်းကောင်းနဲ့တွဲနေကြတာလို့ ပြောသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now