Extra -3(End)

1.9K 56 2
                                    

သက်တန့်ရောင်ခြယ်ခြင်း

Extra-3

မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်၊ မင်းသားကျကျေးရွာလေးရှိ အိမ်တစ်အိမ်၏ ကွတ်ပျစ်ပေါ် လူတစ်စုဝိုင်းဝန်းစုစည်းထိုင်နေကြသည်။ ထိုလူတစ်စုသည် အလည်မှာရှိသောမုန့်ပဲသရေစာနှင့် အကြမ်းရည်ကို ဝိုင်းပတ်ကာထိုင်နေကြသည်။ အကြမ်းရည်သောက်သူကသောက်၊ မုန့်ပဲသရေစာစားသူကစား ၊စကားပြောရယ်မောသူကရယ်မောနှင့် ထိုအိမ်လေးရဲဝိုင်းလေးထဲ အသံတို့ဆူညံနေတော့သည်။

"ညီ အာ...."

မင်းသုမောင် သူဘေးတွင်ရှိသော လူကြီးလူငယ်များကိုတောင် ဂရုမပြုနိုင်ပဲ အရိုတစ်လိုင်းကိုအစပြုတော့သည်။ဂမုန်းပန်းသုတ်ကို ဇွန်းဖြင့်ခပ်ကာ ဆန်းလင့းချိုကို ခွံကျွေးနေခြင်းဖြစ်သည်။ အလှူ့လက်ဖက်နဲ့ မျက်နာလုပ်သည်ဆိုရမလိုပင်ဖြစ်နေတော့သည်။

"ကိုကလည်း လူကြီးတွေနဲ့လေဗျာ....."

"မသိဘူးကွာ...စားပါနော်...."

ဆန်းလင်းချို မင်းသုမောင်ကြောင့် မျက်နာတစ်ခုလုံးရဲနေတော့သည်။ ဒါကိုမင်းသုမောင်ကတော့ မသိချင်ယောင်ဆောင်ကာ သူသည်သာSemeအားလုံးထဲတွင် ဂရုအစိုက်တတ်ဆုံးဖြစ်ကြောင်း ပြသချင်နေတော့သည်။

"ကဲ လင်းချို....မားသားလေးရေ....စားလိုက်ပါကွယ်...တော်ကြာလက်ကြီးပြုတ်ထွက်သွားလို့ ဟော့ဒီကအပျိုဆင်လေး သွေးရဲရဲတွေမြင်နေရပါအုံးမယ် သားရယ်..."

စင်ဒီအရွဲ့တိုက်ကာ ဆိုလိုက်တော့ အကုန်လုံးပြုံးစီ့စီ့ဖြစ်ကုန်တော့သည်။ ဆန်းလင်းချိုလည်း မူမနေတော့ပဲ အမြန်စားလိုက်တော့သည်။ ဆန်းလင်းချိုစိတ်ထဲတွင်တော့ မိမိချစ်သူရဲ့အားလုံးရှေ့ဂရုစိုက်မူ့ကြောင့် အနည်းငယ်ဂုဏ်ဆာနေမိတော့သည်။

မင်းသုမောင်နဲ့ဆန်းလင်းချိုကို အားကျနေသော ကောင်းကောင်းက မင်းသန့်ရဲ့ပေါင်ကို လက်ဖြင့်အသာကုတ်နေတော့သည်။(ကောင်းကောင်းနဲ့ ကိုမင်းသန့်တို့အတွဲကို မှတ်မိကြလား လင်းချိုနဲ့အလုပ်အတူလုပ်ခဲ့တဲ့အတွဲလေးနော်)

မင်းသန့်ကတော့ ကုတ်နေတဲ့ ကောင်းကောင်းလက်ကို ခါခါထုတ်ပြီး ရှိသမျှမြေပဲလှော်တွေ၊ အသုတ်တွေကိုတစ်ယောက်တည်း တစ်လုပ်ပြီးတစ်လုပ်စားနေတော့သည်။ ကောင်းကောင်းအထာမပေါက်တဲ့ ချစ်သူအစားပုတ်ကြီးကို ဒေါသထွက်လာတော့သည်။ ထို့နောက် ကောင်းကောင်းရဲ့ဖြူဥဥလက်သီးဆုတ်လေး လေပဲဝဲသွား အသံကျယ်တစ်ခုထွက်ပေါ်လာတော့သည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now