Part-17

1.4K 144 14
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၁၇

သစ်မောင် အမေကြီးတို့အိမ်ကိုရောက်နေရသည်။ မန္တလေးမှာအမေကြီးခေါင်းချတာမို့ မန္တလေးက အမာဒေါ်လေးအိမ်မှာပဲ အသုဘအခမ်းအနားကို လုပ်ကြရသည်။ အမာတို့သားအမိနှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့်ဆုံးသွားရရှာတော့ အမာအမျိုးတွေတွက် စိတ်မကောင်းဖြစ်ရသည်။

အမာအဒေါ်နဲ့ အန်တီကြီးတစ်ချို့ကတော့ မိမိကို ကြည့်ကာ တီးတိုးရေရွတ်နေကြသည်။ ထိုစကားသံတို့ကို သစ်မောင်တစ်ချို့ကို ကြားပြီးတစ်ချို့ကိုတော့ သေချာမကြားရပါ။ မိမိအကြောင်းပြောနေတာသိပေမယ့် ယောက်ကျားတစ်ယောက်ကအမျိုးသမီးတစ်ယောက်နဲ့ ရန်ပြိုင်မဖြစ်လိုတာကတစ်ကြောင်း၊ သစ်မောင်ကိုယ်တိုင်ကလည်း အနေအေးသူမို့ ရန်မဖြစ်လိုတာလည်းပါသည်။ ပြီးတော့ အသုဘအိမ်ဖြစ်တာကြောင့်ပါ သစ်မောင်ငြိမ်နေမိခြင်းဖြစ်သည်။

"ဟွန့် ရှင်မာလေးကိုတော့ ကျုပ်ဖြင့်သနားမဆုံးပေါင်.... လင်က ကလေးမွေးပြီးတော့ ခြောက်နေမှန်းသိတာလေ...."

"သိကော သိသွားပေါ့မလား အစ်မလေးရဲ့..."

"မသိနိုင်ပါဘူး....သိချင်သိသွားမှာပေါ့...ငါ့တူမလေးက ရှက်ကြောက်ပြီး ဘာမှမပြောနိုင်တာနေမှာပေါ့...."

"ဟယ်....ဒါဆို ဒီအခြောက်ကောင်က တော်တော်အရှက်မရှိတာပေါ့....အမလေးတော် လူကောဟုတ်ရဲ့လားမသိဘူး...."

သစ်မောင်ရဲ့ဖခင်ဦးမောင်ဟာလည်း အနားမှာမရှိပါ။ အသုဘကားစောင့်တဲ့ နေရာကို ရောက်နင့်နေပြီ ဖြစ်တာကြောင့် ဖြစ်သည်။ သစ်မောင် အရမ်းစိတ်မလှုပ်ရှားပါ။ ဘာလို့လဲဆိုတော့ သူတို့ပြောတဲ့ အချို့ကိစ္စတွေကလည်း မှန်နေတာကြောင့်ဖြစ်သည်။ သူတို့ပြောသလိုမိမိတို့က ယောက်ကျားချင်းကြိုက်တဲ့ အခြောက်ဆိုတာ မှန်သည်။သို့သော် ယောက်ျားချင်းကြိုက်တာ၊ အခြောက်ဖြစ်တာက ဘာများမှားယွင်းလဲ သစ်မောင်သိချင်မိသည်။ လူတစ်ယာက်ကို သတ်မိလို့လား၊ လူတွေရှေ့ ရိုင်းဆိုင်းစွာ နေထိုင်နေလို့လား ဘာကြောင့်အပြစ်တစ်ခုလို ဆိုနေတာလဲမသိတော့ပါ။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now