သက်တံရောင်ခြယ်ခြင်း
အပိုင်း၃
ဆန်းနိုင် ယုယစွာထွေးပွေ့ထားသော ရင်ခွင်ထဲမှာ မိမိခေါင်းလေးကိုမှီတင်ထားပေမယ့် အမြဲလိုလို စိတ်မဖြောင့်ခဲ့ပါ။ ခုလည်းထိုအတိုင်းပင်ဖြစ်သည်။ ကြင်နာစွာထိတွေ့မူ့က မိမိအား ငါမှန်မှမှန်ရဲ့လား၊ ငါဘာလိုအမှားကနေ ရုန်းမထွက်နိုင်သေးတာလဲလို့ မေးခွန်းထုတ်ကြည့်မိသည်။ ထိုမေးခွန်းရဲ့ အဖြေတိုင်းဟာလည်း သိပ်ကိုအတ္တဆန်သော ကိုကို့ကို ချစ်လို့ပါဟုဖြေဆိုနေမိတုံးပင်ဖြစ်သည်။ ကိုကိုရင်ခွင်ထဲမှာနေရင်း ဆန်းနိုင်သက်ပြင်းငွေ့ငွေ့ချလိုက်မိသည်။ ဒါကိုသတိထားမိတဲ့ကိုကိုက ဖတ်ထားရာမှာခွာလိုက်သည်။ မိမိကို စိုက်ကြည့်နေမှန်း ဆန်းနိုင်စိတ်ကသိနေတာကြောင့် မော့ကြည့်လိုက်မိသည်။
မိမိအားစူးစမ်းကာ ကြည့်နေသည့် ကိုကိုသည် မျက်ေမှာင်ကိုကျုံလိုက်သည်။ပြီးနောက် လေသံဖြင့်"ဘာဖြစ်နေတာလဲ...ဘာလို့သက်ပြင်းချရတာလဲညီညီ...."
"ဘာမှမဖြစ်ပါဘူး..."
ဆန်းနိုင်ပြောပြီးတာနဲ့ ကိုကိုမျက်လုံးကို ရှောင်ခွင်းလိုက်ရသည်။ ကိုကိုသည်မိမိနှင့်ပတ်သတ်ရင် သိပ်ကိုအကင်းပါလွန်းသည်။ကိုကိုရဲ့ ထိုအတတ်ကလည်း အမြဲတော့ကောင်းမနေပါ မိမိရဲ့စိတ်ညစ်ညူးမူ့တွေကို ကိုကို့ကို မသိစေမရိပ်မိစေလိုပါ။
"ပြောပါညီညီ မင်းတစ်ခုခုဖြစ်နေတာကိုကိုသိတယ်...."
ဆန်းနိုင်မရဲတရဲ မော့ကြည့်လိုက်မိသည်။ ကိုကိုသည်မိမိအား ပူပန်နေသောအကြည့်ဖြင့် ကြည့်နေတုံးပင်။
"ညီတို့ရပ်တန့်သင့်ပြီထင်တယ်ကိုကို...ညီအစ်မမာကို အရမ်းသနားမိနေပြီ..."
မိမိပုခုံးပေါ် ကိုကိုလက်တို့ကြမ်းတမ်းသွာ ဆုတ်ကိုင်လာသည်။ ကိုကိုမျက်နာသည် နီရဲကာ အံကိုကျိတ်ထားသောကြောင့်ဖြစ်မည် လည်ပင်းကျောများေထာင်ထနေသည်။
"ဘာကွ....ဒါဆိုငါ့ကိုကော မင်းမသနားဘူးညီရာ....ခဏလောက်ပဲစောင့်ပါကွာ ကိုယ်အလုပ်တွေကြိုးစားပြီး ပိုက်ဆံရှာနေတယ်လေ...ပြီးတော့ အမာကသေတော့မှာ...သူသေတာနဲ့ ကိုကိုညီကို မရရအောင်လက်ထပ်မှာပါကွာ...."
YOU ARE READING
သက်တန့်ရောင်ခြယ်ခြင်း(Completed)
Romanceအချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။