Part-4

2.6K 179 6
                                    


အပိုင်း၄မတင်ခင် ကြိုတင်သတိပေးပါရစေ။ ခုအပိုင်းသည် ရှင်မာက သူခံစားရတာတွေကို ရေးပြထားခြင်းဖြစ်ပါသည်။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို အသားပေးဖော်ပြထားပါသည်။

##########

သက်တံရောင်ခြယ်ခြင်း

အပိုင်း၄

၁၉၉၂၊ ၁လပိုင်း

ရှင်မာ မိမိထက်အသက်တစ်နှစ်နှစ်ငယ်တဲ့ ကောင်လေးနဲ့ မိဘများကရေစက်ဆုံဖို့ စီစဥ်နေသည်ကို ကြားသိရတော့ စိတ်ညစ်ညူးမိသည်။ မိမိရဲ့ ရည်ရွယ်မှန်းဆထားသော အိမ်ထောင်ဖက်ပုံစံတွင် အသက်အရွယ်က အဓိကဖြစ်သည်။ မိမိထက်အသက်ကြီးတဲ့လူကိုသာ အိမ်ဦးနတ်အဖြစ်ထားချင်သည်။ ငယ်ရွယ်သော ကောင်လေးတစ်ယောက်နဲ့တော့ လက်ထက်ပြီး မနေချင်ပါ။ ရှင်မာရဲ့ ထိုအတွေးသည် ထိုကောင်လေးကိုမတွေ့ဆုံခင်မှာသာ စိတ်တွင်ပေါက်ဖွားရှင်သန်နေခဲ့ရသည်။ကောင်လေးကိုတွေ့လိုက်မှ ရှင်မာစိတ်သည်ကောင်လေးပေါ်ကို တိမ်းညွှန့်သွားရတော့ ရှင်မာ မိမိကိုယ်ကိုယ် အဲ့လောက်ဖြစ်ရလားလို့ အ​ေန္ဒြာရေမဲ့မှု့ကို အပြစ်တင်မိတော့သည်။

မိမိတို့အိမ်ခြံဝင်းလေးထဲသို့ လူကြီးမိဘများရဲ့ တိုက်တွန်းမူ့ကြောင့် ကောင်လေးနဲ့စကားပြောဖို့ဆင်းလာခဲ့မိသည်။ မိဘတွေကတော့ အိမ်ထဲမှာစကားပြောနေကျသည်။ ရှင်မာမိမိဘေးမှာ မျက်နာတည်နဲ့ရပ်နေတဲ့ ကောင်လေးကိုမသိမသာအကဲခတ်မိသည်။ ကောင်လေးသည် သစ်ခွပင်တွေကိုသာ စိုက်ကြည့်နေသည်။ ကောင်လေးသည် မိမိထက်အသက်ငယ်တယ်ဆိုသော်လည်း တည်ကြည့်ခန့်ညှားလွန်းသောကြောင့် မိမိထက်အသက်တစ်နှစ်လောက်ပိုကြီးသည်လို့ ထင်မှတ်ယူရလောက်သည်။ အမေတို့ပြောတာတော့ ဒီကောင်လေးအသက်သည် ၂၁သာရှိသေးသည်ဟု ဆိုသည်။ မိမိထက်တော့ သုံးနှစ်လောက်ငယ်သည်။ မိမိကအသက်၂၄နှစ်ဖြစ်သည်။ အရပ်ရှည်ရှည် ပုဆုံးကျယ်ကျယ် အသားညိုညိုနဲ့ ကောင်လေးပုံစံက မိမိရည်မှန်းထားတာကြင်ဖက်ပုံစံနဲ့တူလွန်းပြီး အသက်ကလေးသာမတူတာဖြစ်သည်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ရှင်မာမိမိဘက်က အရင်ဖြိုခွဲဖို့ပြင်ဆင်လိုက်ရသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Donde viven las historias. Descúbrelo ahora