Part-39

948 94 0
                                    

သက်တန့်ရောင်ခြယ်ခြင်း

အပိုင်း၃၉

ဆန်းလင်းချိုမနက်စောစောနိုးလာခဲ့သည်။ နောက်ဖေးမှာ ထုံးစံအတိုင်းတအသံတစ်ချို့ကိုကြားနေရသည်။ ဒါကလည်းထူးဆန်းသည်ကိစ္စတော့မဟုတ်ပါ။ အာရုံဆွမ်းအမှီအိမ်ဆိုင်းက အမျိုးသမီးမိန်းမပျိုတိုင်း လှုပ်ရှား​ဆောင်ရွက်ရသော တာဝန်တစ်ခုဖြစ်သည်။ တာဝန်ဆိုသည်ထက် စေတနာဖြစ်သည်။ လင်းချိုအိမ်ရာမှထကာ ဆောင်ကိုခေါက်လိုက်ပြီး နောက်ဖေးအ​ဆောင်သို့ ထွက်လာခဲ့သည်။ ချက်ပြုတ်ဖို့ပြင်ဆင်နေတဲ့ အဒေါ်ဘုတ်နဲ့မထွေးက အလုပ်များနေလေသည်။ မိမိကိုမြင်တော့မထွေးမှ

"ဟယ်မောင်လေး နိုးပြီလား မနက်စာကမဝယ်ရသေးဘူးကွဲ့.....အစ်မသွားဝယ်လိုက်မယ်နော်...."

"နေ....အစ်မထွေး သားဘာသာဝယ်လိုက်မယ်....ဟိုလေခရမ်းချည်သီးရယ်၊  သင်္ဘောသီးရယ်ရှိလားဟင်....."

ဒေါ်ဘုတ်တော့ ဟင်းမတူးအောင်လုပ်ရတော့ မိမိကိုဖြေမအားပဲ မထွေးကသာဖြေပေးနေလေသည်။ ခုလည်းဆွမ်းချိမ့်ပြင်နေတုံးမထွေးက ပြန်ဖြေရပြန်သည်။

"ရှိတယ်လေမောင်လေးရဲ့ ဘာလို့လဲ...."

"ဟို ဧည့်သည်တွေအတွက် ရှမ်းခေါက်ဆွဲသွားဝယ်မလို့ အဲ့ဒါအကျော်လေးတွေကေဖာ်ပေးပါလို့....."

"ငါ့တို့သားချိုလေးက စေတနာတွေသိပ်ပိုနေတယ် ပြောစမ်းပါအုန်း ပိုရမယ်လူပါလာလို့လား...."

အပျိုကြီးဒေါ်လေးဘုတ်က ဟင်းချက်ရင်း စနောက်လာလေသည်။ မထွေးကတော့ နီရဲနေတဲ့လင်းချိုမျက်နာကို မြင်ကာ အသံတိတ်ရယ်လေသည်။ သူတို့အမြဲလာလာထိန်းပေးတဲ့ ကလေးကခုတော့အရွယ်ရောက်နေပါလားလို့ ဒေါ်ဘုတ်နဲ့မထွေးတွေးတော့သည်။

"မ...မဟုတ်ပါဘူး...အားလုံးကိုစားစေချင်လို့ပါ....သွား....သွားဝယ်တော့မယ်နော်...."

ဒေါ်ဘုတ်ပြေးထွက်သွားတဲ့ လင်းချိုကို ခေါင်းအသာခါကာ တပြုံးပြုံးနဲ့ကြည့်နေလိုက်တော့သည်။ မထွေးကလည်း သူ့မောင်လေးသဘောကျနေတဲ့ လူပါလာတာကို ပိုပြီးရိပ်မိလိုက်ပြီး ဘယ်သူများလဲဆိုတာ ပိုသိချင်လာမိသည်။ မိန်းကလေးတစ်ယောက်ပဲတော့ ဟိုစင်ဒီဆိုတဲ့မိန်းကလေးများလား၊ မဖြစ်နိုင်ပါမိမိမောင်လေးအကြောင်းမိမိသိသည်။ မိမိမောင်လေးက မိန်းကလေးရည်းစားမထားဖူးသလို မိန်းမအကြောင်းဆို ကောင်းတာလည်းမပြောဆိုးတာလည်းမပြောဖူးချေ။ မဟုတ်မှ ယောက်ကျားလေးသုံးယောက်ထဲကနဲ့ တူသည်။

သက်တန့်ရောင်ခြယ်ခြင်း(Completed)Where stories live. Discover now