အပိုင်း၂၉က အဓိကနော်။ 😁😁😁။အဖြေလေးတစ်ခုပါလာမှာပါ။ အသဲတို့အားပေးကြအုန်းနော်။
######
သက်တန့်ရောင်ခြယ်ခြင်းအပိုင်း၂၉
ဆန်းနိုင်လက်ထဲ မွေးကာစသားလေးကို ပိုက်ကာ ရေအနည်းငယ်စီးဆင်းနေသော တောင်ကျချောင်းကို တွေတွေကြီးငေးကြည့်နေမိသည်။ မိုးရွာရင်တော့ ရေစီးအလွန်သန်သောချောင်းဖြစ်သည်။ မိုးမရွာသေးတဲ့အချိန်မို့ ရေပြင်မှာ ခပ်မှန်မှန်သာစီးဆင်းနေလေသည်။ မိုးရာသီမှာချောင်းရေပြည့်ပြီး နွေရာသီမှာတော့ ချောင်းမှာရေမရှိမြေသားချိမ့်ဝှမ်းကြီးသာ ဖြစ်ကျန်ခဲ့သည်။ လှုပ်ရှားနေတဲ့ ရေပြင်ကိုဆန်းနိုင်ငေးရင်း မျက်ရည်များဝဲတတ်လာသည်။ ဆန်းနိုင်ရဲ့ဝမ်းနည်းမျက်နာကြောင့်နဲ့ တူသည်ရင်ခွင်ထဲမှ သားငယ်ပါအသံစာစာလေးနဲ့ငိုလာတော့သည်။
"အူဝဲ.....အူဝဲ...."
ဆန်းနိုင်သားငိုသံကြားမှ မျက်ရည်စများကပါးပြင်ပေါ်စီးကျလာလေသည်။ သားကကောဒီနေရာကို မကြိုက်ဘူးနဲ့တူသည်။ ဒါမှမဟုတ် မိမိငိုတာကိုမကြိုက်တာလား၊
ဒါမဟုတ် သူအမေကိုလွမ်းလို့များလား၊စသည်ဖြင့် ဆန်းနိုင်တွေးထင်နေမိသည်။ဒီနေရာသည် ချိုချိုနှစ်သက်စွာ ခုန်ချခဲ့သောနေရာဖြစ်သည်။ သားကိုယ်ဝန်နဲ့ကတည်းက ဆန်းနိုင် ချိုချိုကိုအတန်တန်တားသည်။ သို့သော်ချိုချိုသည် မိမိစကားကိုနောက်ဆုံးအထိ နားမထောင်ခဲ့ပါ။ အမိမဲ့သားလေးအဖြစ်ကို ချိုချိုကတော့ မစာနာနိုင်ခဲ့ပေမယ့် မိမိကမိဘမဲ့တစ်ဦးဖြစ်တာကြောင့် သားလေးအဖြစ်ကိုစာနာမိသည်။
အဖန်၅၀၀၊ ၅ကမ္ဘာကို မကြောက်လေတော့ ချိုချိုရေ ညီမထိုက်နဲ့ညီမကံပေါ့။
အချစ်အတွက်မိုက်ရူးရဲဆန်တဲ့ ညီမကိုတော့ အကိုကိုယ်ချင်းမစာပါရစေနဲ့၊ ခုမှလူလောကထဲရောက်လာတဲ့ သားမျက်နာကိုမှ ညီမမထောက်ခဲ့တာ၊ ဒါကြောင့် သားဆီကခွင့်လွှတ်မူ့ကို နောင်ဘဝရောက်လဲ မတောင်းခံပါနဲ့။ ဆန်းနိုင် ရေပြင်ကိုကြည့်ကာ တမလွန်ဘဝက ချိုချိုကို စိတ်ထဲရေရွတ်ကာပြောနေမိသည်။
VOCÊ ESTÁ LENDO
သက်တန့်ရောင်ခြယ်ခြင်း(Completed)
Romanceအချစ်ဇာတ်လမ်းလေးပါ။ဤficကို Wp၌ ဒီဇင်ဘာ ၁၂ရက် 2020 စတင်ရေးသားခဲ့သည်။ ကူးယူထားခြင်းမရှိပါ။ မူပိုင်Ficလေး ဖြစ်ပါသည်။